MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (18 - 06 - 08)

ရခိုင်ပြည်နယ်ဆားဈေးကွက်အခြေအနေ။

ရခိုင်ပြည်နယ်တွင် ဆားထုတ်လုပ်သည့် ဆားကွင်းဧက ၁၃၃၂.၁၄ ဧကရှိပါသည်။ တစ်ဧကအထွက်နှုန်း ၁၀.၉၆ မက်ထရစ်တန်ရှိသည့်အတွက် စုစုပေါင်းဆား ၁၄၆၀၀ မက်ထရစ်တန်ထွက်ရှိပါသည်။ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃၁၃၃၈၅၅ အတွက်စားသုံးရန် လိုအပ်သည့်ဆားတန်ချိန်မှာ ၈၈၀၀ မက်ထရစ်တန်ဖြစ်၍ ပိုလျှံသော ဆားတန်ချိန် မှာ ၅၈၀၀ မက်ထရစ်တန်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် ဆားဈေးနှုန်းမှာ ယခင်နှစ်ဇွန်လတွင် ဆားချော တစ်ပိဿာ ၇၀ ကျပ်ဖြစ်ပြီး ဆားကြမ်း တစ်ပိဿာလျှင် ၂၅ ကျပ်ဖြစ်ခဲ့ပါသည်။ ယခုနှစ်တွင် ဧပြီလအထိ ဆားဈေးနှုန်းမှာ ဆားချော တစ်ပိဿာလျှင် ၁၂၀ ကျပ်နှင့် ဆားကြမ်းတစ်ပိဿာလျှင် ၆၀ ကျပ်ရှိခဲ့ပါသည်။ မေလမှစ၍ ဆာဈေးနှုန်းမြင့်တက်ခဲ့ပြီး ယခုအခါ ဆားချောတစ်ပိဿာလျှင် ၃၅၀ ကျပ်နှင့် ဆားကြမ်းတစ်ပိဿာလျှင် ၁၇၀ ကျပ်ဈေးနှုန်းထိမြင့်တက်ခဲ့ပါသည်။ ရခိုင်ပြည်နယ် တွင် ၂၀၀၅ ခုနှစ်က ဆားကွင်း ဧက ၂၅၉၅၀ ထိရှိခဲ့ရာမှ ဆားဈေးကွက်မကောင်းသဖြင့် ဆားကွင်းဧက ၁၃၃၂.၁၄ သို့ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် ဆားဈေးနှုန်း ဤကဲ့သို့ မကြုံစဖူးမြင့်တက်လာခဲ့ခြင်းကြောင့် ဆားထုတ်လုပ်သူများ ၄ နှစ်ခန့်ဈေးကွက်မကောင်းဘဲ နစ်နာနေခဲ့ရာမှ ယခုနှစ်တွင် အကျိုးအမြတ်ရလာသဖြင့် ပြုံးပန်းများ ဝေဆာလျှက် ရှိနေကြပါသည်။ ရခိုင်ပြည်နယ်မှ ပိုလျှံသည့်ဆားများကို ရန်ကုန်သို့တင်ပို့လျှက်ရှိရာ မေလကုန်အထိ ဆားကြမ်းတန်ချိန် ၄၀၀၀ မက်ထရစ် တန်တင်ပို့ခဲ့ပြီးဖြစ်ပါသည်။ ဆားတင်ပို့ရာတွင် ကမ်းရိုးတန်းသင်္ဘောများဖြင့် တင်ပို့ခြင်းဖြစ်၍ တင်ပို့ခ တစ်ပိဿာလျှင် ၆၀ ကျပ်နှုန်းဖြင့် တစ်တန်လျှင် ၃၆၇၀၀ ကျပ်ပေးချေရပါသည်။ ယခုလတွင် ဆားကြမ်းတန်ချိန် ၉၈၀ ကို သင်္ဘော ၂ စီးဖြင့် ရန်ကုန်သို့တင်ပို့ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

ကျော်ညွန့်