MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (17 - 06 - 08)

မော်လမြိုင် မိုးရေကာဖျင်ဈေးကွက်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မိုးရာသီဇွန်လမှစ၍ ကျောင်းများဖွင့်၍လည်းကောင်း၊ နာဂစ်မုန်တိုင်း ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ပျက်စီးသွားသောအိမ်များအတွက် လိုအပ်သည် များဆောင်ရွက်ရသည်က တစ်ဖုံတို့ကြောင့် ယခုလမတိုင်မီကတည်းက အရောင်းအ၀ယ်ကောင်းနေကြပါသည်။ ၎င်းမိုးရေကာဖျင်များသည် မတ်၊ ဧပြီလများတွင် အရောင်း အ၀ယ်ပါး၍ ၀ယ်သူနည်းပြီး ဈေးကျခဲ့ပါသည်။ ယခင် မတ်နှင့်ဧပြီလများက မြင်းပျံတံဆိပ် စူပါစတား ၆ ပေ တစ်ကိုက်ကို ၉၀၀ ကျပ်၊ ၁၀၀၀ ကျပ်သာရှိ၍ ယခုနာဂစ် မုန်တိုင်းဖြစ်သည့်နေ့မှစ၍ တဖြည်းဖြည်းမြင့်တက်ခဲ့ရာ ယနေ့တစ်ကိုက် ၁၃၀၀ ကျပ်ဈေးရှိနေပါသည်။ ATB တံဆိပ် လိမ္မော်၊ ပြာ မိုးကာ ဖျင်စမှာ ယခင်လက တစ်ကိုက် ၁၂၀၀ ကျပ်သာရှိ၍ ယခုလ ၁၃၅၀ ကျပ်ဖြစ်ခဲ့ပါသည်။ ၅ ပေနံ မိုးကာစစ်ခဲ (တာပေါ်လင်) မှာ ယခင်က တစ်ကိုက် ၁၅၀၀ ကျပ်ရှိခဲ့ရာမှ ယခု ၁၈၀၀ ကျပ်ဖြစ်ခဲ့ပါသည်။ ယူနီဗာဆယ် ၆ ပေအနံ တစ်ကိုက် ယခင်က ၁၃၀၀ ကျပ်ရှိခဲ့ရာမှ ယခု ၂၅၀၀ ကျပ်ထိ ဈေးတက်နေပါသည်။ ယူနီဗာဆယ် အမျိုးအစားသည် ဈေးကြီးပြီး အသုံးနည်းသောကြောင့် ဆိုင်တိုင်း တွင် ၎င်းပစ္စည်းတင်ပြီး မရောင်းနိုင်ကြပါ။ ၎င်းမိုးကာဖျင်များသည် မိုးတွင်းရာသီ မိုးကာအင်္ကျီချုပ်လုပ်ရာတွင်လည်းကောင်း၊ ဈေးဆိုင်များတွင် အမိုးအကာ များပြုလုပ်ရာ တွင်လည်းကောင်း၊ နာဂစ်မုန်တိုင်းဒဏ်ကြောင့် လိုအပ်သောနေရာများတွင် အသုံးပြုရာ၌တစ်ဖုံ အကြောင်းအမျိုးမျိုးတို့ကြောင့် ၎င်းင်းမိုးကာဖျင်များသည် ယခုလတွင် အရောင်းအ၀ယ်သွက်နေသည်ကို သိရှိရပါသည်။ ၎င်းမိုးကာဖျင်များသည် ကိုရီးယားနိုင်ငံမှထွက်ရှိလာသောပစ္စည်းဖြစ်၍ ၎င်းပစ္စည်းများကို ရန်ကုန်မှ လက်ကားဆိုင် များမှယူ၍ မော်လမြိုင်မြို့သို့ ၀ယ်ယူရောင်းချနေသည်ကို သိရှိရပါသည်။

သန်းသန်းဝင်း