MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (17 - 06 - 08)

နာဂစ်ကြောင့် ပျက်စီးခဲ့သော ဆန်စက်များနေရာတွင် အစားထိုးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန်စက်ငယ်များတင်သွင်း။

နာဂစ်ကြောင့် ပျက်စီးခဲ့ရသော ဆန်စက်များနေရာတွင် အစားထိုးလည်ပတ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ HUBEI XIANLIANG MACHINERY CO. LTD မှ တစ်နေ့လျှင် ၁၈ တန်ကျအရွယ် CTNM 18 Model ဆန်စက်များ၊ တစ်နေ့လျှင် ၁၅ တန်ကျ XGI-15 model ဆန်စက်များနှင့် MNMS 18 Model ဆန်ဖြူကျောက်စက်များကို မှာယူတင်သွင်းခဲ့ကြောင်း သိရှိရသည်။ ယခုအခါ အဆိုပါဆန်စက်များ၊ ဆန်ဖြူကျောက်စက်များ ရောက်ရှိလာပြီဖြစ်၍ စက်အချို့ရောင်းချလျက် စမ်းသပ်တပ်ဆင်ကြိတ်ခွဲလျက်ရှိပြီဖြစ်ကြောင်း သိရသည်။ တစ်နေ့ ၁၅ တန်ကျဆန်စက်များကို အ၀ယ်များနေ သဖြင့် နောက်ထပ်စက်အစုံ ၄၀ ထပ်မံမှာထားကြောင်းလည်းသိရှိရသည်။ အဆိုပါ တစ်နေ့ ၁၅ တန်ကျဆန်စက် များသည် နာဂစ်မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသော ဟာလာဆန်စက်များနေရာတွင် အစားထိုးကြိတ်ခွဲ အသုံးပြုနိုင်သော စက်များဖြစ်ကြောင်း သိရပါသည်။ ကြည့်ရှုလေ့လာလိုသူများအနေဖြင့် လောလောဆယ် လှိုင်သာယာစက်မှုဇုံ ဦးရွှေဘင်လမ်းရှိ သောင်းဝင်းစက်မှုလက်မှုလုပ်ငန်းတွင် နမူနာအဖြစ်လာရောက်ကြည့်ရှု့ လေ့လာနိုင်ကြောင်းနှင့် ဖုန်းနံပါတ် ၇၀၀၂၂၃ နှင့် ၀၉၅၁-၁၃၈၀၂သို့ လည်းဆက်သွယ် စုံစမ်းမေးမြန်း နိုင်ကြောင်းသတင်းရရှိသည်။

ခင်စိုး