MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (17 - 06 - 08)

နမ့်ဆန် နာနတ် အောင်ပန်းဈေးကွက်သို့ စတင်ဝင်ရောက်။

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်ဒေသထွက် နာနတ်သီးများ အောင်ပန်းဈေးကွက်သို့ ယခုတစ်ပတ်အတွင်း စတင်ဝင်ရောက်လာသည်ကို တွေ့ရသည်။ ဇွန်လမှာ စတင် ထွက်ရှိတဲ့ နာနတ်သီးများသည် မကြာခင် ဈေးကွက်အတွင်းသို့ လှိုင်လှိုင်ဝင်ရောက်လာတော့မည်ဖြစ်သည်။ နမ့်ဆမ်မှ အောင်ပန်းပွဲရုံသို့ သွင်းဈေး တစ်လုံးလျှင် ၁၈၀ ကျပ်ဈေးရှိကြောင်း၊ အများဈေး တစ်လုံးလျှင် ၂၀၀ ကျပ်ရောင်းချကြောင်း၊ လက်လီတစ်လုံးလျှင် ၂၅၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ ပေါ်စဦးဖြစ်သည့်အတွက် ဈေးကောင်း ရကြောင်း၊ မကြာခင်လှိုင်လှိုင်ပေါ် တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

စိုင်းသန့်စင်ဟိန်း