MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (17 - 06 - 08)

အောင်ပန်း ဂျင်း(ချင်း)ခြောက်ဈေးကွက်။

ဂျင်း(ချင်း)ကို အောင်ပန်းဒေသတစ်ဝိုက်မှာ အဓိကစိုက်ပျိုးကြပါတယ်။ ချင်းစိုက်ဧကပေါင်း ၂၁၀၀ ကျော်ရှိပြီး အနယ်နယ်အရပ်ရပ်သို့ တစ်နှစ်ပတ်လုံးနီးပါး တင်ပို့ရောင်း ချကြပါတယ်။ ဇန်န၀ါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ ချင်း နထစသမအ သမားများ အဆွဲများခဲ့တာကြောင့် တစ်ပိဿာကို ၄၅၀ ကျပ်ဈေးရခဲ့ပါတယ်။ ယခုအခါ တစ်ပိဿာကို ၂၅၀ကျပ်၊ ၃၀၀ ကျပ်ဝန်းကျင်သာရှိပါတယ်။ ချင်းပုံမှနန်ရောင်းဝယ်မှုသာရှိတာကြောင့် ချင်းခြောက်လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ကြပါတယ်။ ချင်းခြောက်ဟာ အချိန်ကြာကြာ ထားသိုလို့ရပြီး ပြည်တွင်းပရဆေးသမားများလည်း ပုံမှန်ဝယ်ယူမှုရှိတာကြောင့် ချင်းခြောက်အဖြစ်ပြာင်းလဲလုပ်ကိုင်ကြပါတယ်။
ချင်းအစို ၆ ပိဿာကို ပြုတ်ပြီးနေလှမ်းလျှင် ချင်းအခြောက် တစ်ပိဿာရပါတယ်။ ချင်းဈေးအေးပြီး အရောင်းအ၀ယ်ပါးနေတာကြောင့် ထူးဖော်ထားတဲ့ ချင်းအစိုတွေကို ချင်းအခြောက်အဖြစ်အများဆုံးပြုလုပ်ကြရာ ချင်းခြောက် တစ်ပိဿာကို ၁၃၀၀ ကျပ် ဈေးရှိကြောင်း သိရှိရပါတယ်။

စိုင်းသန့်စင်ဟိန်း