အရောင်းသွက်နေသော စိန်တစ်လုံးသရက်။
ကယားပြည်နယ်ထွက် စိန်တစ်လုံးသရက်သီးများ အရောင်းသွက်နေကြောင်း သိရပါသည်။ လွိုင်ကော်မြို့တွင် ပျဉ်းမနား၊ တောင်ငူမြို့များမှ ထွက်ရှိသည့် ရွှေဟင်္သာ၊ ရင်ကွဲ စသည့်သရက်သီးများ အရောင်းအ၀ယ်အနည်းငယ်ရှိနေသော်လည်း ကယားပြည်နယ်မှထွက်ရှိသည့် စိန်တစ်လုံးသရက်သီးသည် အရသာကောင်းပြီး ဈေးနှုန်းမှာလည်း ချိုသာ သည့်အတွက် အရောင်းအ၀ယ်သွက်နေတာတွေ့ရပါတယ်။ လွိုင်ကော်မြို့သို့ရောက်လာတဲ့ ပျဉ်းမနား၊ တောင်ငူမြို့များမှ ရွှေဟင်္သာသရက်သီးမှာ တစ်လုံး ၃၀၀ ကျပ်မှ ၄၀၀ ကျပ်ထိရှိပြီး ရင်ကွဲသရက်သီးမှာ တစ်လုံး ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ထိ အရွယ်အစားပေါ်မူတည်ပြီး ရောင်းချကြသော်လည်း ကယားပြည်နယ်မှထွက်ရှိသည့် စိန်တစ်လုံး သရက်သီးမှာတစ်လုံးလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်ထိသာ ဈေးရှိသောကြောင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာစွာ ၀ယ်ယူနိုင်ခြင်းကြောင့် အရောင်းအ၀ယ်သွက်နေ ကြောင်း သိရသည်။
ကယားပြည်နယ်၏ စိန်တစ်လုံးသရက်သီးသည် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် စတင်ဖူးပွင့်ကြကာ မေလနှင့် ဇွန်လကုန်အထိ သရက်သီးများကို ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရှိရပြီး၊ နှစ်စဉ်ကယားပြည်နယ်မှ စိန်တစ်လုံး သရက်သီး အလုံး ၂ သိန်းမှ ၂ သိန်းခွဲအထိ ထွက်ရှိနိုင်ကြောင်း သိရှိရပါသည်။ ထွက်ရှိသည့်သရက်သီးများကိုလည်း မန္တလေးမြို့သို့ အများဆုံးတင်ပို့ရကြောင်းသိရသည်။
ကျော်ဆန်း |