MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (31 - 07 - 08)

မြောင်းမြစပါးရာသီနဲ့ ဓါတ်မြေသြဇာဈေးကွက်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ဟာ နွေစပါး၊ မိုးစပါး အဓိကထား စိုက်ပျိုးတာဖြစ်တာကြောင့် ဓါတ်မြေသြဇာကိုလည်း အထွက်ကောင်းဖို့ အသုံးပြုကြရပါတယ်။ ဒါကြောင့် မြောင်းမြမြို့နယ်မှ ဓါတ်မြေသြဇာ အရောင်းဆိုင် တော်တော်များများတွေ့နိုင်ပါတယ်။ အရောင်းဆိုင်များကလည်း မိမိပစ္စည်း အရောင်းအ၀ယ်သွက်ဖို့ ၀ယ်သူနဲ့တိုက်ရိုက် ငွေပေးချေစနစ်၊ ဒါမှမဟုတ်ေ<ကးစနစ်နဲ့လည်းကောင်း၊ စပါးပေါ်ချိန် ဒေသပေါက်ဈေးအတိုင်း စပါးသင့်ပြီး ပြန်လည်ဝယ်ယူခြင်းစနစ်နဲ့ ရောင်းဝယ်နေကြပါတယ်။ ဓါတ်မြေသြဇာကို ရန်ကုန်ကတဆင့် မော်တော် ယာဉ် ရေယာဉ်များနဲ့ မှာယူတင်သွင်းကြ လက်ရှိဓါတ်မြေသြဇာ တစ်အိတ်ပေါက်ဈေးနှုန်းမှာ တီစူပါ (တရုတ်) ၄၀၀၀၀ ကျပ်၊ ပုလဲ ၃၂၅၀၀ ကျပ်၊ ဂျီဘီ တီစူပါ ၄၃၀၀၀ ကျပ်၊ ကုလားအုပ် (ပုလဲလုံးကြီး) ၃၃၀၀၀ ကျပ်၊ ဂျီအမ်အက်စ်စီ (တရုတ်) ၁၆၅၀၀ ကျပ်၊ အာမို ၅၀၀၀၀ ကျပ်၊ ပိုတက် (ကနေဒါ) ၄၈၀၀၀ ကျပ် အသီးသီး ဖြစ်နေပါတယ်။ အရောင်းဆိုင်ရှင်တစ်ဦးကတော့ ယခုအခါ ဓါတ်မြေသြဇာဈေးငြိမ်ပြီး အရောင်းအ၀ယ်အေး နေပေမယ့် ဒီဇင်ဘာလနဲ့ ဇန်န၀ါရီလ လောက်မှာ ဓာတ်မြေသြဇာဈေး ပြန်လည်ဦးမော့လာနိုင်တယ်လို့ ပြောပါတယ်။

ကျော်လင်း