| ပြည်တွင်းကုန်သွယ်မှုသတင်း (16 - 07 - 08) |
|
မန္တလေးမြို့သို့ မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံတို့မှ ရာဘာများဝင်ရောက်ပြီး မူဆယ် ၁၀၅ မိုင်သို့ တင်ပို့ ရောင်းဝယ်နေကြပါတယ်။ မိုးရာသီအစေးခြစ်ကာလမဟုတ်လို့ ပစ္စည်း လည်းအ၀င်နည်းပြီး ပစ္စည်းအဟောင်း လက်ကျန်ပေါ်မှာ အရောင်းအ၀ယ်ပြုလုပ်နေကြကြောင်း သိရပါတယ်။ မန္တလေးမှ မူဆယ် ၁၀၅ မိုင်သို့ ရာဘာ တစ်ပိဿာလျှင် ကားသယ်ခ ၅၀ ကျပ်နှုန်းဖြစ်ပြီး၊ ယခင်လက တစ်ရက် ၆ စီး၊ ၇ စီးခန့်တင်ပို့ရောင်းချနိုင်ခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း ပစ္စည်းအ၀င်နည်းခြင်း၊ ငွေဈေးကျခြင်းတို့ကြောင့် ၂ ရက်ကို ၁ စီးခန့်သာ တင်ပို့ရောင်းချ နေတာတွေ့ရပါတယ်။ တင်ပို့တဲ့ရာဘာအမျိုးအစားများက R1, R3, R5 နဲ့ ဖြတ်စတို့ဖြစ်ပြီး အဓိကအများဆုံး တင်ပို့တဲ့ရာဘာကတော့ RSS3 နဲ့ RSS5 တို့ဖြစ်ကြောင်း သိရပါတယ်။ RSS3 တစ်တန် ၁၇၀၀၀ ယွမ်၊ တစ်ပေါင် ၁၄၀၀ ကျပ်နဲ့ RSS5တစ်တန် ၁၆၃၀၀ ယွမ်၊ တစ်ပေါင် ၁၂၀၀ ကျပ် ပေါက်ဈေး ဖြစ်တယ်လို့သိရပါတယ်။ ၂၀၀၈ ဧပြီလမှာ ၂၄၇၈ တန်၊ မေလမှာ ၃၁၆၈ တန်၊ ဇွန်လမှာ ၁၁၃၅ တန် တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။ |