| ပြည်တွင်းကုန်သွယ်မှုသတင်း (15 - 07 - 08) |
|
၃၀.၆.၀၈ နေ့မှာ တစ်တင်းကို ၁၉၆၀၀ ကျပ်ထိ ဈေးရောက်ခဲ့တဲ့ ပဲစင်းငုံဟာ ၁.၇.၀၈ နေ့မှာ ၁၉၃၀၀ ကျပ်၊ ၄.၇.၀၈ နေ့မှာ ၁၈၇၀၀ ကျပ် ဈေးဆင်းခဲ့ရာမှ ၇.၇.၀၈ နေ့မှာ ၁၉၅၀၀ ကျပ်၊ ၉.၇.၀၈ နေ့မှာ ၁၉၄၀၀ ကျပ်၊ ၁၁.၇.၀၈ နေ့မှာ ၁၉၂၀၀ ကျပ် အထိပြန်ပြီးအရောင်းအ၀ယ် ဈေးမော့လာ တာကိုတွေ့ရပါတယ်။ အပြင်မှာ တစ်ပတ်ဆိုင်း ၁၉၇၀၀ ကျပ်ဈေး အရောင်းအ၀ယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ရန်ကုန်မှာလည်း တစ်တန်ကို ၆၄၀၀၀၀ ကျပ် ရောင်းတဲ့နေ့မှာ ၀ယ်သူမရှိဘူးလို့သိရပြီး နောက်နေ့မှာ တစ်တန်ကို ၆၄၀၀၀၀ ကျပ် ပေးဝယ်ပြန်တော့လည်း ရောင်းသူမရှိပြန်ဘူးဆိုပြီး အရောင်းအ၀ယ်လောကမှာ သတင်းစကားကြားရ ပါတယ်။ တစ်ကယ်အရောင်းအ၀ယ်ဖြစ်သွားတာကတော့ တန်တန်ကို ၆၂၅၀၀၀ ကျပ်လို့ သိရပါတယ်။ ကုမ္ပဏီ လက်၊ လှောင်လက်တွေရဲ့ ပြည်ပကမ်းလှမ်းမှုအပေါ်မှာ လက်ဝယ်ရှိသူ၊ လက်ဝယ်မရှိသူ နှစ်ဦးမှာ လက်ဝယ်ရှိသူက ဈေးမြင့်စေချင်သလို လက်ဝယ်မရှိသူက ဈေးကျစေချင်တယ်ဆိုတာ အရောင်းအ၀ယ် လောကရဲ့ စကားပါ။ ပဲစင်းငုံကို လက်ဝယ်များများ ကိုင်ထားသူတွေက ဈေးမြှင့် ခေါ်နိုင်မလား၊ လက်ထဲမရှိသူတွေ ကလည်း အောက်ဈေးနဲ့ ပြန်နှိုက်ပြီး ၀ယ်နိုင်မလားဆိုတဲ့ ဒီပွဲမှာတစ်ကယ် အဆုံးအဖြတ်ပေးသွား မှာကတော့ ဖောက်သည်နိုင်ငံရဲ့ ၀ယ်လိုအား ဆိုတာ နှစ်စဉ်အကြောင်းသိနေတဲ့ ပဲစင်းငုံကတော့ ပြုံးကြည့်နေတာအမှန်ပါ။ |