MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (14 - 07 - 08)

စက်မှုဇုန်များတွင် နိုင်ငံတကာအဆင့်မီ အရည်အသွေး လက်မှတ်ရစက်ရုံများ များပြားလာ။

ယနေ့ခေတ်ဟာ ''ဈေးကွက်စီးပွားရေးစနစ်'' နှင့်အညီ ကုန်ပစ္စည်း ထုတ်လုပ် ရောင်းချသူများအနေဖြင့် ဈေးကွက်အကြိုက်၊ စားသုံးသူအကြိုက် ထုတ်လုပ်ရောင်းချနေသော ခေတ်ဖြစ်ပါတယ်။ အထူးသဖြင့် စားသောက်ကုန်ပစ္စည်းဖြစ်ရင် ''ကျန်းမာခြင်းသည် လာဘ်တစ်ပါး'' နှင့်အညီ ကျန်းမာရေးနှင့် ညီညွတ်မျှတပြီး၊ အရည်အသွေးမီကုန်ပစ္စည်း ဖြစ်ကိုအလေးထား စဉ်းစားလာကြပါတယ်။ ထုတ်လုပ် ရောင်းချသူတွေလည်း စားသုံးသူတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် စားသောက်ကုန်တွေကို ထုတ်လုပ် ရောင်းချဖို့ လိုအပ်ပါတယ်။ ဒီခေတ်မှာ စားသုံးသူတွေက ကုန်ပစ္စည်းတွေကို အမှုမဲ့ အမှတ်မဲ့ ၀ယ်ယူကြသူများ မဟုတ်ဘဲ စနစ်တကျ လေ့လာသုံးသပ်ကြပြီးမှသာ ၀ယ်ယူလေ့ ရှိကြတယ်။ ပစ္စည်းဝယ်ယူတဲ့ အခါမှာလည်း ကုန်ပစ္စည်းအရည်အသွေး၊ ဈေးနှုန်း၊ လွယ်လင့်တကူ အဆင်ပြေစွာ ၀ယ်ယူရရှိနိုင်သော အချက်များအပေါ်မှာ ထည့်သွင်းစဉ်းစား လာကြ ပါသည်။
'' နိုင်ငံတကာအဆင့်မီ အရည်အသွေးမှန် ကုန်ပစ္စည်းများထုတ်လုပ်ပေးနေသော''ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး စားသုံးသူတွေရဲ့ ကျန်းမာရေးအတွက် အထူး အလေးထား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ရာနှုန်းပြည့် မြန်မာနိုင်ငံသားပိုင် ပီအမ်ဂျီကုမ္ပဏ်ီဟာ အရည်အသွေးစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့လက်မှတ်ရထားတဲ့ စက်ရုံဖြစ်ပါတယ်။ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သော Management Representative (MR) ဦးအောင်စိုးမှ ရှင်းလင်းပြောကြားရာတွင် ''ကုမ္ပဏီတစ်ခုလုံး အတွက် အရည်အသွေးဆိုင်ရာ လက်စွဲစာတမ်း (Quality Manual) အပါအ၀င် ထုတ်လုပ်ရေး၊ အရည်အသွေးစစ်ဆေးရေး၊ ဈေးကွက်နှင့် သုတေသန၊ ဘဏ္ဍာရေး၊ ၀န်ထမ်းရေးရာ အစရှိသော ဌာနတစ်ခုချင်း အလိုက် လုပ်ထုံးလုပ်နည်း (Procedure) တွေကို စနစ်တကျရေးသားဆောင်ရွက်ရတယ်}}လို့ ဆိုပါတယ်။ ပီအမ်ဂျီကုမ္ပဏ်ီဟာ ထုတ်လုပ် ဖြန့်ဖြူးရောင်းချရာမှာလည်း နိုင်ငံတ ကာ အသိအမှတ်ပြု " ISO 9001:2000 " အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ် လက်မှတ်ကို ၂၀၀၃ခုနှစ် ကတည်းက ရရှိထားပါတယ်။
ဒီလက်မှတ်ရရှိဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်နှင့် ပတ်သက်ပြီး လုပ်ငန်းအခန်းကဏ္ဍ တစ်ခုချင်းအလိုက် လုပ်နည်းလမ်းညွှန်ချက် (Work Instruction) တွေကို တစ်ဆင့်ပြီး တစ်ဆင့် အတိအကျ ဖော်ပြဆောင်ရွက်ဖို့လည်း လိုပါတယ်။ ၀န်ထမ်းအဖွဲ့အစည်း အတွင်းမှာလည်း စီမံခန့်ခွဲမှုနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု လမ်းကြောင်းအရ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုချင်းအလိုက် လုပ်ဆောင်ရမဲ့လုပ်ငန်းတာဝန် သတ်မှတ်ချက် (Job Description)တွေကိုလည်း ထားရှိဆောင်ရွက်ပြီး လုပ်ငန်းခွင်အတွင်း အသုံးပြုနေတဲ့ စာရွက်စာတမ်းပုံစံတွေကို စနစ်တကျမှတ်တမ်းပြုစု ဆောင်ရွက်ဖို့လိုကြောင်းကိုလည်း ဦးအောင်စိုးက ပြောကြားပါတယ်။
အဖွဲ့အစည်းက အခုဖော်ပြခဲ့တဲ့ အချက်အလက်တွေ စနစ်တကျ ထားရှိဆောင်ရွက်ခြင်း ရှိ/မရှိနဲ့ နိုင်ငံတကာအဆင့်မီ အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ် (Quality Management System) နဲ့အညီ ဖြစ်/မဖြစ် ဆိုတာကို တရားဝင် အသိအမှတ်ပြု ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်ျးွနါငျအနမနိ င်္ငမာ တစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံ အခြေစိုက် BM Trada Certification Body က လာရောက်စစ်ဆေးမှုပြုကာ ဗြိတိန်နိုင်ငံအခြေစိုက် UKAS Quality Management အဖွဲ့အစည်းထံ တင်ပြအတည်ပြုချက်ရယူပြီးမှသာ " ISO 9001:2000 " လက်မှတ်ကို ရရှိထားတယ်လို့ဆိုပါတယ်။ ဒီလက်မှတ်ရရှိဖို့အတွက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အခြေစိုက်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့ (The Organization For International Standardization-ISO)ကနေ သတ်မှတ်ပြဌါန်းထားတဲ့ စံချိန်စံညွှန်း အချက်အလက်တွေနဲ့ ကိုက်ညီဖို့ လိုတယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ ဒီလက်မှတ်ဟာ တစ်ခါရပြီးတာနဲ့ တစ်သက်လုံး (အမြဲတစေ) တည်မြဲနေတယ်လို့ ပြောလို့ မရကြောင်းနှင့် ဒီစနစ်အရ အနည်းဆုံး တစ်နှစ်တစ်ကြိမ် Certification Body က လာရောက် စစ်ဆေးတယ်လို့ ဆိုပါတယ်။ ဒီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး(Continuous Improvement) ဆိုတာနဲ့အညီ မိမိတို့လုပ်ငန်းကို မျက်ခြေမပြတ်အချိန်နှင့်တပြေးညီ ဆောင်ရွက်နေရပါတယ်လို့ ထပ်လောင်းပြောကြားပါတယ်။
ပီအမ်ဂျီကုမ္ပဏီဟာ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ်ဖြင့် အဖျော်ယမကာနဲ့ သောက်ရေသန့် များကို ထုတ်လုပ်ရောင်းချတဲ့နေရာမှာ စားသုံးသူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးအထောက်အကူ ဖြစ်စေဖို့ အာမခံချက် အပြည့်အ၀ဆောင်ရွက်ပေးနေပါတယ်။

ဒေါက်တာထိန်လင်း