MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (11 - 07 - 08)

အောင်ပန်းတညင်းဈေးကွက်။

တညင်းဈေးကွက်စတင်ပြီဖြစ်လို့ နှစ်စဉ် အောင်ပန်းဒေသထွက် တညင်းသီးများထက် အရင်ပေါ်ထွက်တဲ့ လွိုင်ကော်တညင်းသီးတွေ အောင်ပန်းဈေးကွက်ထဲကို ၀င်ရောက် လာပါပြီ။ ပေါ်စဦးက တညင်းဈေးနှုန်းမှာ အလုံး ၃၀၀ ပါ ပုံးတစ်ပုံးကို ၅၂၀၀ ကျပ် ဈေးပေါက်ခဲ့ပါတယ်။ လွိုင်ကော်မှ အောင်ပန်းပွဲရုံများကို ရထားနဲ့ တင်ပို့ကြောင်းသိရပါတယ်။ တညင်းဝယ်လိုအားကောင်းတာကြောင့် တညင်းသီးတစ်ပုံးကို ၅၃၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ ယခုတစ်ပတ်အတွင်း ၆၀၀၀ ကျပ်ထိ ဈေးရရှိခဲ့ပါတယ်။ အောင်ပန်းမှတဆင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့ မြို့ကြီးများနဲ့ အခြားမြို့တွေကို တင်ပို့နေပါတယ်။ မကြာခင်ဒေသထွက် တညင်းသီးများ လှိုင်လှိုင်ပေါ်တော့ မှာဖြစ်တဲ့အတွက် လွိုင်ကော်တညင်းသီးများ ဈေးအေးနေကြောင်းသိရပါတယ်။

စိုင်းသန့်စင်ဟိန်း