အောင်ပန်းကုန်စိမ်းဈေးကွက်။
အောင်ပန်းမြို့၊ ပြည်သာယာဈေး (အောက်ဈေး) ရှိ ကုန်စိမ်းပွဲရုံများသို့ မိုးရာသီကုန်စိမ်းသီးနှံများ လှိုင်လှိုင်ဝင်ရောက်နေပါတယ်။ အောင်ပန်းကုန်စိမ်းပွဲရုံများကတစ်ဆင့် အဓိကဈေးကွက်များဖြစ်တဲ့ ရန်ကုန်သီရိမင်္ဂလာဈေး၊ ဘုရင့်နောင်ပွဲရုံများ၊ မန္တလေး၊ ပဲခူးနဲ့ အခြားမြို့ကြီးများသို့ တစ်ရက်လျှင် ကုန်စိမ်းကား ၁၅ စီးကျော်စီးဆင်းပြီး အရောင်း အ၀ယ်ဖြစ်နေပါတယ်။ ကုန်ပစ္စည်းတစ်ပိဿာတင်ပို့ခမှာ ကုန်ကျစ် ၆၀ ကျပ်၊ ကုန်ပွ ၈၀ ကျပ်ရှိပါတယ်။
ဇူလိုင်ပထမပတ်မှာ ဂေါ်ဖီရှယ်တစ်ထုပ်လျှင် ၄၀၀ ကျပ်ထိ ဈေးရခဲ့ပြီး ဂေါ်ဖီစိုက်တောင်သူုများ ၃ နှစ်အတွင်း အကောင်းဆုံးဝင်ငွေရခဲ့ပါတယ်။ ဂေါ်ဖီကားများ ရန်ကုန် ဈေးကွက်နဲ့ နယ်အစုံသို့ တစ်ရက်ကို ၆ ဘီးကား ၁၀ စီးနီးပါး တင်ပို့နေကြောင်းသိရပါတယ်။ အောင်ပန်းဈေးကွက်ရဲ့ ကုန်စိမ်းတစ်ပိဿာပေါက်ဈေးများ ကတော့ မုန်ညင်းဖြူ ၂၅၀ ကျပ်၊ ဂျူး ၃၅၀ ကျပ်၊ ဘိုစာပဲသီး ၁၅၀ ကျပ်၊ ရွှေပဲသီး ၅၀၀ ကျပ်၊ ငြုတ်ပွ ၈၀၀ ကျပ်၊ ငြုတ်သီးစိမ်း ၁၅၀ ကျပ်၊ မုံလာဥနီကြီး ၄၅၀ ကျပ်၊ ပန်းဂေါ်ဖီ ၁၅၀ ကျပ်၊ ခရမ်းချဉ် (SP) ၂၇၀ ကျပ်၊ ခရမ်းချဉ် (ဒေသသီး) ၂၂၀ ကျပ်၊ ဂေါ်ဖီထုတ်တစ်ထုတ် ၃၀၀ ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၃၈ ကျပ်ဈေးများဖြစ်နေပါတယ်။
စိုင်းသန့်စင်ဟိန်း
|