ဝါဆိုအမီ သီးနှံစုံတဲ့ မော်လမြိုင်သစ်သီးဈေးကွက်။
မိုးရာသီအစမှာ အသီးအနှံတွေပေါလာတဲ့အတွက် မြန်မာတို့ ၀ါတွင်းကာလ ၀ါဆိုဝါကပ်တော်မူတဲ့ သံဃာတွေ အလှူလုပ်ဖို့ မြန်မာ့ရိုးရာ ၀ါဝင်ဝါထွက်အလှူတွေလုပ်ဖို့ မော်လမြိုင် မြိုင်ရတနာ သစ်သီးဈေးတန်းက သီးနှံဈေးတစ်ချို့ကို ပြောပါရစေ။
မော်လမြိုင်ကိုရောက်လာတဲ့ သစ်သီးတွေထဲက အောင်ပန်းသစ်တော်သီးတလုံး ၁၅၀ ကျပ်- ၃၅၀ ကျပ်၊ ရေး ရင်ငန်းသီးတစ်လုံး ၃၅ ကျပ်- ၅၀ ကျပ်၊ မိထ္တီလာစပျစ်ညို ၁၀ ကျပ်သား ၃၀၀ ကျပ်- ၃၅၀ ကျပ်၊ စပျစ်ချွန် ၁၀ ကျပ်သား ၁၀၀၀ ကျပ်၊ ရန်ကုန်သခွာမွှေး တစ်လုံး ၁၂၀၀ ကျပ်တို့ဖြစ်ကြပါတယ်။ ဒေသထွက်သီးနှံတွေထဲက ရခိုင်ငှက်ပျော်သီးတစ်ဖီး ၂၀၀ ကျပ်- ၃၀၀ ကျပ်၊ ဖီးကြမ်းငှက်ပျောသီး ၃၅၀ ကျပ်- ၅၀၀ ကျပ်၊ ရွှေငှက်ပျောသီး ၇၀၀ ကျပ်- ၁၀၀၀ ကျပ်၊ ငှက်ပျောချဉ် ၁၅၀ ကျပ်- ၂၅၀ ကျပ်၊ ဖရဲသီး တစ်လုံး ၆၀၀ ကျပ်- ၇၀၀ ကျပ်၊ မင်းဂွတ်သီးတစ်လုံး ၁၀၀ ကျပ်- ၅၀၀ ကျပ်၊ တညင်းသီးတစ်လုံး ၅၀ ကျပ်ဖြစ်ပါတယ်။ မြ၀တီက ၀င်ရောက်လာတဲ့ သီးနှံတွေထဲက ပန်းသီးတစ်လုံး ၄၀၀ ကျပ်၊ ကြက်မောက်သီးတစ်လုံး ၅၀ ကျပ်၊ နာနတ်သီးတစ်လုံး ၆၀၀ ကျပ်-၈၀၀ ကျပ်၊ ပျားလိမ္မော်တစ်လုံး ၂၅၀ ကျပ်၊ ယိုးဒယားစပျစ်သီး တစ်ကီလို ၂၂၀၀ ကျပ်တို့ဖြစ်ပါတယ်။
သန်းသန်းဝင်း
|