Trade News
| ပြည်တွင်းကုန်သွယ်မှုသတင်း (03 - 07 - 09) |
ဈေးကွက်ရှိတဲ့ အစေ့ထုတ်ပြောင်း ကယားပြည်နယ်မှာ စိုက်လို့ကောင်း။
ကယားပြည်နယ်ရဲ့ လယ်ယာထွက်ကုန်သီးနှံများမှာ စပါးပြီးလျှင် အစေ့ထုတ်ပြောင်းအား ဒုတိယ အများဆုံးစိုက်ပျိုးပါတယ်။ ယခုနှစ်စိုက်ပျိုးရေးရာသီမှာ အစေ့ထုတ်ပြောင်း ၂၀၇၁၅ ဧကလျာထားခဲ့ရာ ယနေ့ အချိန်မှာတော့ ရာနှုန်းပြည့်အားလုံး စိုက်ပျိုးခဲ့ပြီး အပင်များရှင်သန်နေတာတွေ့ရပါတယ်။ အစေ့ထုတ်ပြောင်း ကို ယခင်နှစ်က ဈေးနှုန်းအရ အနည်းငယ်ကျဆင်းခဲ့သော်လည်း ဈေးကွက်အရ အရောင်းသွက်နေတာကြောင့် တောင်သူများအတွက် အကျိုးရှိတဲ့သီးနှံဖြစ်ပါတယ်။ ယနေ့အချိန်မှာ အစေ့ထုတ်ပြောင်းကို ပိုးထိုးပိုးကိုက်အသင့်အတင့်ပါရင် တစ်ပိဿာကို ၂၅၀ ကျပ်၊ အကောင်းကို တစ်ပိဿာ ၂၈၀ ကျပ်တို့ဖြင့် လက်ကျန်များအားအရောင်းအ၀ယ် ဖြစ်နေတယ်လို့သိရပါတယ်။
TKO- လွိုင်ကော်
|
|