Trade News
| ပြည်တွင်းကုန်သွယ်မှုသတင်း (03- 07 - 09) |
ဥပါ ကဏန်းအမ များကို ဥချပြီးမှ တင်ပို့သင့်။
ကဏန်းအများဆုံးထွက်ရှိရာ ဒေသများဖြစ်သော ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့မှ ဖမ်းဆီးရမိသော ကဏန်းများအနက် ဥပါကဏန်းအမ များကို ဒေသတွင်း ဥချပေါက်ဖွားစေပြီးမှ တင်ပို့သင့်ကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ဇူလိုင် ၁ ရက်နေ့က ပြုလုပ်သည့် ၁၉/၀၉ သားငါးဆိုင်ရာ အစည်းအဝေး၌ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံမှာရှိတဲ့ ကဏန်းထွက်တဲ့ ရွာတွေမှာဆိုရင် ဥပါတဲ့ကဏန်းအမတွေကို ဖမ်းမိရင် သီးခြားဖယ်ထား ကြတယ်။အဲဒီကဏန်းအမ ဥချပြီးပြီလားဆိုတာ နေ့တိုင်းကြည့်ကြတယ်။ဥချပြီးရင် အဲဒီအမကို ဈေးမှာ ရောင်း ကြတယ်။ရတဲ့ငွေကို စုထားပြီး ရွာရဲ့ သာရေးနာရေးကိစ္စတွေမှာ သုံးကြတယ်လို့ သိရတယ်။
"ကျွန်တော်တို့ဆီ က တင်ပို့တဲ့ ကဏန်းတွေမှာ ဥပါတဲ့ ကဏန်းတွေ ပါသွားတက်တယ်။ပို့လိုက်တာက ကဏန်းတစ်ကောင်တည်းဆိုပေမယ့် သူနဲ့ကပ်ပါသွားတဲ့ ဥအရေ အတွက်က သန်းချီပါသွားပြီ။အဲဒီဥတွေထဲက ၁၀၀၀ လောက်အဖက်တင်ပြီး အကောင်ပေါက်တယ်ပဲထား။ပြည်တွင်းမှာသာ ဥချအကောင်ပေါက်စေမယ်ဆိုရင် သဘာဝ အရင်းအမြစ် ကိုလည်း ပိုမိုထိန်းသိမ်းနိုင်သလို မျိုးသုန်းမှုကိုလည်း ကာကွယ်နိုင်မယ်။ရေရှည်အကျိုး အတွက်ပါ ထုတ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။" ဟု ကဏန်းလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဦးနိုင်ဦးက အကြံပြုပြောကြားသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော ကဏန်းများကို မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့လည်းကောင်း၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့လည်းကောင်း တင်ပို့လျက်ရှိကြောင်း သိရသည်။
ခင်မျိုးသွယ်
|
|