MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (03 - 07 - 08)

ဝယ်စဉ်ကရင်တုန် ရောင်းတော့မြင်တက်ခုန်တဲ့ အောင်လံပဲစင်းငုံ။

အောင်လံမြို့ပေါ်ဈေးကွက်သို့ ၀င်အားကောင်းစွာဖြင့် ရောက်ရှိလာတဲ့ ပဲထွက်ဒေသများမှာ ဧရာဝတီမြစ် အနောက်ဖက်ကမ်းပါးတွင် တည်ရှိတဲ့ သရက်မြို့ ပတ်ဝန်းကျင် ကျေးရွာများ၊ အောင်လံမြို့အရှေ့ဖက် သမ္ဘူလ၊ ရွှေပန်းတောနှင့် ကျောက်ပန်းတောင်းတိုက်နယ် ပတ်ဝန်းကျင်ကျေးရွာများ အောင်လံမြို့မြောက်ဖက် ကိုးပင်၊ သစ်ရာကောက်၊ ဆင်ပေါင်ဝဲ အနီးအနားဝန်းကျင်ကျေးရွာအုပ်စုများမှ ထွက်ရှိတဲ့ ပဲများမှာ ပဲစင်းငုံဈေးကွက် ကျယ်ပြန့်ခိုင်မာမှုရှိခြင်း၊ ငွေကြေးပေးချေမှုမြန်ဆန်ခြင်းများကြောင့် ရောင်းလိုအားမှာ လည်း ယုံကြည်အားကိုးမှု ရှိနေသော မြို့ပေါ်ပွဲရုံများနဲ့ အ၀ယ်တော်များထံသို့ ပဲထွက်တဲ့လများက နေ့စဉ်ဝင်ရောက်ခဲ့ပါတယ်။ အောင်လံ ပဲစင်းငုံနီနဲ့ ပဲစင်းငုံကြား (ဖြူနီကြား) အသစ်များဟာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ကစလို့ မြို့ပေါ်ပွဲရုံတချို့သို့ ရောက်ရှိလာခဲ့ပြီး ၀ယ်ရောင်းဈေးကွက်ဖြစ်ကာ ပဲစင်းငုံအနီ ပိဿာ ၂၀ ၀င်တစ်တင်းဈေးမှာ ၂၀၀၀၀ ကျပ်၊ ပဲစင်းငုံကြား တစ်တင်းဈေးမှာ ၁၈၅၀၀ ကျပ်ဈေးဖြင့်လည်းကောင်း၊ လက်ကျန်ပဲစင်းငုံအဟောင်းများကို ပဲစင်းငုံနီ တစ်တင်း ၁၉၅၀၀ ကျပ်၊ ငုံကြား ၁၇၅၀၀ ကျပ်ဈေးများဖြင့် လည်းကောင်း သွက်လက်စွာဝယ်ယူခဲ့တာကြောင့် အဟောင်းပဲလက်ကျန်များ မြို့ရောတောပါ ရောင်းပဲမရှိသည် အထိ ဖြစ်သွားခဲ့ပါတယ်။ ဒီဇင်ဘာ ၂၁ ရက် နှင့် ၃၁ ရက်များမှာ ၁၉၃၀၀ ကျပ်မှ ၁၇၃၀၀ ကျပ်ထိ ဈေးနှုန်းများ ကျဆင်းခဲပေမယ့် ၀ယ်လိုအားလျော့မသွားဘဲ ရန်ကုန်ဝယ်လက်များအပြင် လှောင်သူများပါ ထပ်မံ၍ ဈေးကွက်တွင်းဝင်ရောက်ဝယ်ယူခဲ့တာကြောင့်၊ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ ပဲစင်းငုံနီဈေးနှုန်းမှာ ၁၇၃၀၀ မှ ၁၆၀၀၀ ကျပ်ထိ ကျဈေးဖြစ်ခဲ့ပြီး၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် သင်္ကြန်ရက်များအထိ ပဲစင်းငုံဈေးကွက်မှာ ယောင်ချာချာအေးစက်စက်မသွက်မလက်ဖြစ်ခဲ့ပါတယ်။ လှောင်သူများမှာ စိတ်လှုပ်ရှားရင်တုန်စွာနဲ့ သင်္ကြန်ကျော်ဖြစ်လာမယ့် ဈေးကွက်ကိုမျှော်လင့်ခဲ့ကြပါတယ်။ သင်္ကြန် ကျော်လွန်၍ မေလလယ်နောက်ပိုင်းတွင် ပဲစင်းငုံဈေးကွက်အေးစက်မှုမရှိတော့ဘဲ ရန်ကုန်ဝယ်ယူလိုမှုအား များလာတာကြောင့် ဇွန်လနောက်ဆုံးပတ်နှင့် ဇူလိုင်လ ပထမပတ်အတွင်း ငွေလက်ငင်း ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် (တစ်လဆိုင်း ၂၁၀၀၀ ကျပ်၊ နှစ်လဆိုင်း ၂၂၀၀၀ ကျပ်) ဈေးများဖြင့် လက်ငင်းဈေး၊ လဆိုင်းဈေးများဖြင့် ၀ယ်သူရောင်းသူများ နေ့စဉ်ဈေးကွက်မှာ ပဲစင်းငုံမြင့်တက်လာမှုကြောင့် ၀ယ်ယူစဉ်က ရင်တုန်ရသော်လည်း ၀မ်းသာကြည်နူးသည့် ရင်ခုန်မှုမျိုးကိုသာ ဆက်၍မျှော်လင့်နေကြပါကြောင်း ကုန်သည်အသင်းသားများထံမှ ကြားသိခဲ့ရကြောင်းပါ။

ကျော်မျိုးမင်း