MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (05 - 02 - 2010)

အမယ်သစ်ပို့ကုန် တရုတ်စကားပန်းခြောက်။

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင်ရှိသော ပရဆေးရောင်းဝယ်သူများမှာ တရုတ်စကားပွင့်ခြောက်များကို ၀ယ်ယူပြီး မန္တလေးမှတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချ ကြောင်း သိရှိရပါတယ်။ တရုတ်စကားပွင့်ကို မျိုးစေ့ဖြင့်လည်းကောင်း၊ ပျိုးကိုင်းများပြုလုပ်ပြီးလည်းကောင်း စိုက်ပျိုးနိုင်ပါတယ်။ တရုတ်စကားပင်သည် စိုက်ပျိုးချိန်မှစပြီး ၆ လမှ ၁ နှစ်အတွင်း စတင်ဖူးပွင့်ကြပါတယ်။ တရုတ်စကားပွင့်များမှာ အဖြူ၊ အနီ၊ အ၀ါ သုံးမျိုးရှိပြီး အမျိုးအစားမရွေး ရောင်းဝယ်ကြပါတယ်။ သက်ရင့် တရုတ်စကားပင်တစ်ပင်ကို တစ်နေ့ ၃ ကြိမ် ခူးဆွတ်ကောက်ယူနိုင်ပြီး အပွင့်အစို ၂ ပိဿာမှ ၃ ပိဿာထိ ရရှိကြပါတယ်။ အခြောက်လှန်းပါက အစို တစ်ပိဿာကို အခြောက် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားထိ ရရှိပါတယ်။ အပွင့်အခြောက်များကို အမွှေးတိုင်၊ ခေါင်းလျှော်ရည်၊ ရေမွှေးနှင့် ဆပ်ပြာစသည့် လူသူံးကုန်ပစ္စည်းများ ပြုလုပ်ရာတွင် လည်းကောင်း၊ ပရဆေး ထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြုကြောင်း သိရပါတယ်။ ယခုလက်ရှိ ပြည်မြို့ ပရဆေးဈေးကွက်တွင် တရုတ်စကားပန်းခြောက် တစ်ပိဿာကို ၂၅၀၀ ကျပ်ဈေးဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရပါတယ်။

ဆွေဆွေမင်း -ပြည်