MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (05 - 02 - 2010)

မုံရွာဈေးကွက်ဝင်ရောက်နေတဲ့ ရေဦးအာလူီး်။

စစ်ကိုင်းတိုင်းမှာ အာလူးကို စိုက်ဧက ၆၀၀၀ ခန့်သာစိုက်ပျိုးလို့ အာလူးကို ရှမ်းပြည်နယ်အောင်ပန်းက အများဆုံးတင်သွင်းပါတယ်။
ရှမ်းပြည်နယ်မှ တင်ပို့တဲ့အာလူးက ဆောင်းစိုက်အာလူးဖြစ်ပြီး ဖေဖော်ဝါရီ၊ မတ်လများမှသာ ထွက်ပေါ် ကာ ဈေးကွက်ကို ၀င်ရောက်လေ့ရှိပါတယ်။
အောင်ပန်းအာလူးဈေးကွက်သို့ မရောက်မှီကြားကာလမှာ မုံရွာဈေးကွက်သို့ အများဆုံးဝင်ရောက်နေတဲ အာလူးများမှာ ရေဦးမြို့နယ်မှ ထွက်ရှိတဲ့ အာလူးများဖြစ်ပါတယ်။ ရေဦးမြို့နယ် အရှေု့ခြမ်း မူးမြစ်ဝှမ်းတစ်လျှောက်ရှိ အင်းပတ်၊ မကျီးတော၊ ကုက္ကိုစု၊ မုံတိုင်ပင်ကျေးရွာများမှ စိုက်ပျိုးကားလစောခဲ့တဲ့ ဆောင်းစိုက်အာလူးများ ဖြစ်တယ်လို့ အာလူးပွဲရုံများထံမှ သိရပါတယ်။
မုံရွာရှိ အာလူးပွဲရုံများသို့ နေ့စဉ်ပိဿာ ၄၅၀၀ မှ ၅၀၀၀ ခန့် ၀င်ရောက်နေပြီး ရေဦးပေါက်ဈေး တစ်ပိဿာ ၄၀၀ ကျပ်၊ ၄၅၀ ကျပ်ရှိနေပြီး မုံရွာလက်လီဈေးကွက်မှာတော့ တစ်ပိဿာ ၆၀၀ ကျပ်၊ ၆၅၀ ကျပ်ဈေးများနှင့် အရောင်းအ၀ယ်ဖြစ်နေပါတယ်။

အောင်မင်း - မုံရွာ