ပွင့်လင်းရာသီဖြစ်သော်လည်း အ၀ယ်အေးနေတဲ့ အိမ်သုတ်ဆေးဈေးကွက်။
ပြည်တွင်း၌ထုတ်လုပ်သည့် ရေဆေးနှင့်ဆီဆေးများ ပွင့်လင်းရာသီဖြစ်သဖြင့် ဈေးကွက်အတွင်းသို့ တံဆိပ် မျိုးစုံဖြင့် အများအပြားဝင်ရောက်လာသော်လည်း ဈေးကွက်အတွင်း ၌ အရောင်းအ၀ယ်အေးလျက်ရှိကြောင်း နီလာသင်္ဘောဆေးနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ရှင်က ပြောကြားသည်။ အိမ်သုတ်ဆေးမျိုးစုံမှာ ပြည်တွင်း၌ ထုတ်လုပ်သော် လည်း ကုန်ကြမ်းပစ္စည်းများကို ထိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့မှ တင်သွင်းနေရကြောင်း အဆိုပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားသည်။
ယခင်နှစ်များက ယခုလိုပွင့်လင်းရာသီတွင် တစ်ရက်လျှင် ဆေးမျိုးစုံ ၅ လီတာပုံး ၅၀ မှ ၁၀၀ ကြား ရောင်းခဲ့ရသော်လည်း ယခုအခါတစ်ရက်မှာ ၁၀ ပုံးမှ ၁၅ ပုံးအတွင်းသာ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်းသိရသည်။
လက်ရှိအိမ်ဆောက်ပစ္စည်းဈေးကွက်တွင် လူသုံးများနေသော အိမ်သုတ်ဆေးများ၏ ဈေးနှုန်းအား အောက်ပါအတိုင်း ဖော်ပြလိုက်ရပေသည် -
| စဉ် |
အမျိုးအစား |
ရေတွက်ပုံ |
ဈေးနှုန်း(ကျပ်) |
| ၁။ |
Unitex UPG)ရေဆေး |
၁ ဂါလံ |
၄၆၅၀ |
| ၂။ |
Unitex (UPG) ရေဆေး |
၅ ဂါလံ |
၂၁၂၀၀ |
| ၃။ |
UnitexMedium |
၁ ဂါလံ |
၅၄၀၀ |
| ၄။ |
Unitex Medium |
၅ ဂါလံ |
၂၅၂၀၀ |
| ၅။ |
Unitex (Special) |
၁ ဂါလံ |
၆၇၀၀ |
| ၆။ |
Unitex (Special) |
၅ ဂါလံ |
၃၁၄၀၀ |
| ၇။ |
Unilac ဆီဆေး |
၁ ဂါလံ |
၁၂၁၅၀ |
| ၈။ |
Unilac ဆီဆေး |
၅ ဂါလံ |
၅၈၃၀၀ |
| ၉။ |
Home Tex ဆီဆေး |
၁ ဂါလံ |
၁၂၁၀၀ |
| ၁၀။ |
Home Tex ဆီဆေး |
၅ ဂါလ |
၅၈၃၀၀ |
ခင်မောင်မောင်အုန်း
|