စားသုံးသူအကြိုက်တွေ့တဲ့ သြဂုတ်လ ငရုတ်ဈေးကွက်။
မေ၊ ဇွန်မှာစိုက်ပြီး သြဂုတ်လနဲ့ နိုဝင်ဘာလမှာပေါ်တဲ့ မိုးငရုတ်များဟာ သြဂုတ်လဆန်းကစပြီး ကျောက်ဆည် (မြစ်သား) နဲ့ ၀မ်းတွင်း (သဲတော) ဈေးကွက်ကို ၀င်ရောက်လာပြီဖြစ်ပါတယ်။ မန္တလေး ဈေးကွက်မှာ မြစ်သားငရုတ်ရှည်လက်ကား ၁၆၀၀ ကျပ်၊ လက်လီ ၃၀၀၀ ကျပ်၊ သဲတောဝမ်းတွင်းနယ်မှဝင်တဲ့ ငရုတ်လက်ကား ၂၆၀၀ ကျပ်၊ လက်လီ ၄၅၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ ဈေးကွက်ဝင်ကာစမှာ အရောင်းအ၀ယ် အေးနေပေမယ့် သြဂုတ်လတတိယပတ်ကစပြီး အရောင်းအ၀ယ် လိုက်လာခဲ့ပါတယ်။ မြစ်သားက မန္တလေး တင်ပို့ရာမှာ အညှာမချွေပေမယ့် ရန်ကုန်ကိုတိုက်ရိုက်တင်ပို့ရာမှာတော့ လက်ကားဈေး အညှာမချွေ ၁၇၀၀ ကျပ်၊ အညှာချွေ ၂၂၀၀ ကျပ်နဲ့ တင်ပို့ပါတယ်။ ပျော်ဘွယ်မိုးငရုတ်က ရေမသွင်းဘဲ သဘာဝအတိုင်း ဓါတ်စိုက်ဖြစ်တဲ့အတွက် စက်တင်ဘာလကုန်လောက်မှ ပေါ်မှာဖြစ်ပါတယ်။ ယခုနှစ် ၂၀၀၇ သြဂုတ်လမှာ ငရုတ်ရှည် လက်ကား ၂၅၀၀ ကျပ်၊ လက်လီ ၅၀၀၀ ကျပ်၊ ငရုတ်ပွလက်ကား ၃၂၀၀ ကျပ်၊ လက်လီ ၇၅၀၀ ကျပ်ဖြစ်ခဲ့ပါတယ်။ ၂၀၀၆-၂၀၀၇ မှာ ရိတ်ဧက ၁၃၃၄၂၅၊ အထွက်နှုန်း ၁၄၆.၀၇၊ ၂၀၀၇-၂၀၀၈ မှာ ရိတ်ဧက ၁၄၉၁၄၂၊ အထွက်နှုန်း ၁၄၉.၈၃ ဖြစ်တဲ့အတွက် ရိတ်ဧကပိုသလို အထွက်နှုန်းလည်းတိုးပါတယ်။ ယခင်နှစ်နဲ့နှိုင်းယှဉ်ပါက လက်ကား ဈေးမှာ မသိသာပေမဲ့ လက်လီဈေးမှာ တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းခဲ့တဲ့ အတွက် စိုက်ပျိုးသူတွက်ချေမကိုက်ပေမယ့် စားသုံးသူ အကြိုက်တွေ့နေ ပါတယ်။
တင့်တင့် |