MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (19 - 08 - 08)

နဂါးအလှည့်။

မန္တလေး သစ်သီးဈေးကွက်မှာ လိမ္မော်၊ ကမ္ဗလာ၊ ဖရဲ၊ သခွားတွေပြီးတော့ စပျစ်သီး၊ သရက်သီး ရောက်လာပါတယ်။ သရက်သီးမှာလည်း ရင်ကွဲသာကျန်ပါတော့တယ်။ သစ်သီးတွေတစ်မျိုးပြီးတစ်မျိုး ရာသီကုန် သွားပြီးနောက် အခုမန္တလေးသစ်သီးဈေးကွက်ထဲ အလှည့်ရောက်လာတဲ့အသီးကတော့ နဂါးမောက်သီးပဲ ဖြစ်ပါတယ်။ နဂါးမောက်သီး ဟာ တရုတ်ဘက်က၀င်တဲ့အသီးကတော့ တစ်နှစ်လုံးရှိပါတယ်။ ပြည်တွင်း နဂါးမောက်ကတော့ အခုအချိန်မှာစပေါ်ပြီး နိုဝင်ဘာလလောက်ဆိုကုန်မှာဖြစ်ပါတယ်။ ပုသိမ်ကြီး၊ ရေတံခွန် တောင်၊ မတ္တရာတို့ဘက်မှ ၀င်တဲ့အပြင် ကျောက်မဲ၊ တောင်ကြီးဘက်ကလည်း မန္တလေးသစ်သီး ဈေးကွက်ထဲ ၀င်နေပါတယ်။ တရုတ်က ၀င်တဲ့အသီးကတော့ကြီး တယ်။ ဂျပ်ဖာများနဲ့လာပြီး တစ်ဖာ (၁၄-၁၅ လုံး) ကို ၂၂၀၀၀ ကျပ်ပါ။ အလုံးလိုက်ဆိုရင် တစ်လုံး ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ ရေတံခွန်တောင်၊ ပုသိမ်ကြီး၊ မတ္တရာဘက်က နဂါးမောက်သီးဟာ တရုတ်လောက်အလုံးမကြီးဘူး။ အရွယ်စုံလာတယ်။ ဂျပ်ဖာတွေ၊ တောင်းတွေနဲ့လာကြတယ်။ တစ်လုံးကို ၃၀၀ ကျပ်မှ ၈၀၀ ကျပ် အထိသာရှိပါတယ်။ ဒီဒေသတစ်ဝိုက်က အသီးဟာ လမ်းခရီးနီးတော့ အမှည့်ခံပြီး ချက်ပျော့မှသာခူးတာကြောင့် တရုတ်ဘက်ကအသီးထက်ပိုပြီးချိုတယ်။ တရုတ်ဘက်က အသီးကျတော့ လမ်းခရီးမှာခံနိုင်ရည်ရှိဖို့ ကြိုပြီးခူးရတဲ့အတွက် အရသာပေါ့တယ်လို့သိရပါတယ်။ နဂါးမောက်တွေဟာ အ၀င်များပြီး ဈေးလည်းချိုတဲ့အတွက် အရောင်းသွက်လျက်ရှိပါတယ်။ နဂါးမောက်သီးဟာ ဆီးချိုသမား တွေအတွက် စားသင့်တဲ့အသီးဖြစ်ကြောင်း သိရပါတယ်။

အေးအေးတင့်