မြန်မာ့သီဟိုဠ် တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး သီဟိုဠ်စိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း ဖွဲ့စည်းရန်စီစဉ်။
ပြည်ပဈေးကွက်ဝင် မြန်မာ့သီဟိုဠ် တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် သီဟိုဠ်စိုက်ပျိုးထုတ်လုပ် တင်ပို့သူများအသင်း၊ ဖွံ့စည်းတည်ထောင်ဖို့ ပြည်ထောင်စုမြန်မာ နိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်းချုပ်မှာ ၆.၈.၂၀၀၈ နေ့က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာသီဟိုဠ်ကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ အများဆုံးစိုက်ပျိုးပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှာတော့ အနည်းငယ် စိုက်ပျိုးတာ တွေ့ရပါတယ်။ အရင်က စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ဟောင်ကောင်စတဲ့နိုင်ငံများကို တင်ပို့ဖူးခဲ့ပေမယ့် လက်ရှိတော့ နယ်စပ်လမ်းကြောင်းကနေ တရုတ်နိုင်ငံကိုသာ တင်ပို့လျက် ရှိပါတယ်။ Oversea မှ တင်ပို့နိုင်ခြင်းမရှိသေးတာကိုတော့ တွေ့ရပါတယ်။ နှစ်အလိုက်သီဟိုဠ်တင်ပို့ပြီးစီးမှုအခြေအနေကတော့ -
| |
တင်ပို့မှုတန်ချိန် |
တင်ပို့မှုတန်ဖိုး (ဒေါ်လာသန်း) |
| ၂၀၀၅-၂၀၀၆ |
၂၇၈၀ |
၁၁.၆၂ |
| ၂၀၀၆-၂၀၀၇ |
၁၆၈၀ |
၆.၃၄၈ |
| ၂၀၀၇-၂၀၀၈ |
၁၅၁၉ |
၆.၆၄၆ |
| ၂၀၀၈-၂၀၀၉ (ဇူလိုင် ၁၅ ထိ) |
၆၁၇ |
၂.၇၉၁ |
ဖြစ်ပါတယ်။
ယခုနှစ်ဝယ်ယူထားပြီး သီဟိုဠ်ကုန်ကြမ်းဟာ ထုတ်လုပ်သူတွေရဲ့လက်ထဲမှာ တန်ချိန် ၁၀၀၀၀ ခန့် ကျန်ရှိတယ်လို့ သိရပါတယ်။ ကုန်ချောထုတ်လုပ်မယ်ဆိုရင် တန်ချိန် ၂၀၀၀ ခန့် ရရှိမှာဖြစ်ပြီး ၎င်းင်းကုန်ချော များကို တရုတ်နိုင်ငံအပြင် တစ်ခြားဈေးကွက်တွေကို ၀င်ရောက်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
ပြည်ပဈေးကွက် မီဖို့အတွက် အရည်အသွေးကောင်း၊ ကုန်ကြမ်းရရှိရန် အခြေခံကျတဲ့ မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းဟာလည်း အရေးပါပါတယ်။ ခုအခါမှာ အထွက်နှုန်း ကောင်းတဲ့ ဗီယက်နမ်နဲ့ အိန္ဒိယတို့ကမျိုးတွေ မှာယူစိုက်ပျိုးလျက် ရှိတယ်လို့ သိရပါတယ်။ ကုန်ချောထုတ်လုပ်ရာမှာလည်း ရိုးရာနည်းနဲ့ ထုတ်လုပ်တာထက် ခေတ်မီစက်ပစ္စည်း များနဲ့ ထုတ်လုပ်တာက အလေအလွင့်နည်းသလို အရည်အသွေးလည်း ပိုမိုကောင်းမွန်တဲ့ အတွက် ခုအခါမှာ စက်ရုံတည်ထောင်ထုတ်လုပ်လာကြတာကို တွေ့ရပါတယ်။
ကုန်ချောထုတ်လုပ်သူတွေဟာ ကုန်ကြမ်း ထွက်ပေါ်ချိန် ၂ လအတွင်းမှာ ၀ယ်ယူစုဆောင်းပြီးမှ ကုန်ချောထုတ်လုပ်ရတာဖြစ်လို့ ကုန်ကြမ်းစ၀ယ်ချိန်မှ ကုန်ချောဈေးကွက် အတွင်းဝင်ချိန်အထိ ရင်းနှီးမြှုပ်နှံထားရတဲ့အတွက် အချို့ထုတ်လုပ်သူတွေမှာ ငွေကြေးအခက် အခဲရှိတယ်လို့သိရပါတယ်။ အခုအသင်းကြီးတည်ထောင်ပြီး ပါက ဒီအခက်အခဲ တွေကို ၀ိုင်းဝန်းဖြေရှင်းဆောင်ရွက် သွားမယ်လို့လည်း သိရပါတယ်။
ကမ္ဘာမှာ သီဟိုဠ်စိုက်ပျိုးမှု အများဆုံးက အိန္ဒိယနိုင်ငံဖြစ်ပြီး ဗီယက်နမ်နိုင်ငံက စိုက်ပျိုးမှု ပဉ္စမမြောက်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ တင်ပို့မှုအနေနဲ့ကြည့်မယ်ဆိုရင် ဗီယက်နမ် နိုင်ငံက အများဆုံးဖြစ်ပြီး အိန္ဒိယက ဒုတိယအများဆုံးဖြစ်ပါတယ်။ယခုနှစ်မှာတော့ ဗီယက်နမ်နိုင်ငံဟာ သီဟိုဠ်ထုတ်လုပ်မှု ကျဆင်းတဲ့အတွက် သီဟိုဠ်တင်ပို့ဖို့ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။ အဲဒါကြောင့် ဗီယက်နမ်ရဲ့ သီဟိုဠ် ဖောက်သည်တွေဟာ အိန္ဒိယသီဟိုဠ်ကို အလုအယက်ဝယ်လာကြတဲ့အတွက် အိန္ဒိယသီဟိုဠ်ဈေးဟာ အဆမတန် မြင့်မားခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့သီဟိုတင်ပို့မှုအများဆုံး ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံဟာ ကိုယ်တိုင်လဲစိုက်ပျိုး သလို၊ အာဖရိကနိုင်ငံတွေက ကုန်ကြမ်းတင်သွင်း၊ Value Added လုပ်ပြီး ပြန်လည်တင်ပို့ (Re export) ခြင်းများ လည်း လုပ်တဲ့အတွက် သီဟိုဠ်မှ နိုင်ငံခြားဝင်ငွေအမြောက်အများရရှိနေပါတယ်။
မြန်မာနိုင်ငံမှ သီဟိုတင်ပို့မှုဟာ တစ်ခြားတိုင်းပြည်များရဲ့ တင်ပို့မှုနဲ့ မယှဉ်နိုင်ခြင်းဟာ လက်ရှိအနေအထား အရ ပြည်တွင်းစိုက်ပျိုးမှုနည်းတဲ့အပြင် အထွက်နှုန်းလည်း နည်းတာကြောင့်ဖြစ်ပါတယ်။ ဒီအသင်းကြီး ဖွဲ့စည်းပြီးရင် ပြည်တွင်းတိုးချဲ့စိုက်ပျိုးတာကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့ ပြည်ပဈေးကွက်ဝင်သီဟိုဠ်မျိုးများ ထုတ်လုပ်နိုင်ဖို့နဲ့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အာဖရိကက ကုန်ကြမ်းများဝယ်ယူ၍ Value Added လုပ်ပြီး တရုတ်ဈေးကွက်နဲ့ တစ်ခြားပြည်ပဈေးကွက်တွေကိုပါ Re export ပြုလုပ်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။
CTM
|