MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (06 - 08 - 08)

မျှစ်ခြောက်လုပ်ငန်း တွင်ကျယ်။

မိုးရာသီဟာ ၀ါးပိုးမျှစ်များ ပေါများစွာထွက်ပေါ်ချိန်ဖြစ်လို့ မျှစ်ခြောက်လုပ်ငန်းလုပ်ကိုင်သူများ မိုးညှင်းမြို့အရှေ့ဘက် တောင်တန်းများနှင့် အနောက်ဘက်တောင်တန်းများမှာ ၀ါးပိုးမျှစ်များချိုးယူကာ မျှစ်ခြောက်ဖိုများဆောက်လုပ်ပြီး တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ မျှစ်စို ၁၀ ပိဿာကို မျှစ်ခြောက် တစ်ပိဿာရတာကြောင့် မျှစ်စိုများများရမှ မျှစ်ခြောက်များကို ဈေးကွက်တွင်းသို့ များများ ရောင်းချ နိုင်မှာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ ပေါ်စအချိန် တစ်ပိဿာ ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ် ရရှိပြီး မျှစ်ရှားပါး ချိန်တွင် ၅၀၀၀ ကျပ်မှ ၅၅၀၀ ကျပ်ထိ ဈေးရရှိကြောင်း သိရပါတယ်။ မန္တလေးမှတစ်ဆင့် မျှစ်ခြောက်များကို တရုတ်ပြည်သို့လည်း တင်ပို့တယ်လို့သိရပါတယ်။

အောင်ကျော်မြင့်