MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (05 - 08 - 08)

ရောင်းသူနှစ်သက် ၀ယ်သူစွဲမက်၊ မိုးပဲတီစိမ်းဈေးကွက်။

၂၀၀၈ ခုနှစ်အတွက် ပေါ်ထွက်လာတဲ့ အောင်လံ (မိုး) ပဲတီစိမ်းဟာ မနှစ်က အရည်အသွေးကျဆင်းလို့ ဈေးကွက်မှာ ရောင်းသူမျက်နှာငယ်ခဲ့ရပြီး အရှုံးများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပဲတီစိမ်းထက် သိသာစွာကွာခြားပြီး ထွက်ပေါ်လာပါပြီ။ ရာသီဥတုမျှတတာကြောင့် ခြောက်သွေ့ပြီး အပြစ်အနာကင်းစင်ကာ အလုံးလှ၊ အရောင်စိုလို့ ၀ယ်သူစွဲမက်စေတဲ့ အလှပိုင်ရှင် မိုးမမစိမ်းဖြစ်လို့နေပါပြီ။
ဈေးကွက်စတင်ဝင်လာတဲ့ ဇူလိုင် ၇ ရက်နေ့မှာတော့ ပိဿာ ၂၀ (တစ်တင်း) လျှင် ၁၅၀၀၀ ကျပ်ဈေးနဲ့ ရန်ကုန်ဝယ်လက်များက စတင်လှုပ်ရှားလာကာ ၁၉၊ ၂၀၊ ၂၁ ရက်များတွင် ၁၉၅၀၀ ကျပ်ဈေးအထိ ယာယီ ဈေးမြှင့်ဝယ်ယူပြီး လကုန်ရက်တွေမှာ ၁၈၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်ဈေးထိ ဈေးပြန်ချကစားခဲ့ပါတယ်။ သြဂုတ်လ ပထမပတ် အရောက် မန္တလေးဝယ်လက်မှ ၁၇၅၀၀ ကျပ်မှ ၁၈၀၀၀ ကျပ် ဈေးနှုန်းနဲ့ တက်ရိပ်ပြပြီး ဈေးကွက်အတွင်း ၀င်ရောက်လာပါတယ်။ မြို့ပေါ်ဝယ်လက်များထံသို့ နေ့စဉ် တစ်တင်းခွဲအိတ် အရေအတွက် ၃၀၀၀ မှ ၃၅၀၀ ခန့်ထိ ၀င်ရောက်နေပြီး၊ ဈေးကွက်သတင်းအရ ၀ယ်လက်စုံလင်နေခြင်း၊ ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန် နေတာကြောင့် ဇူလိုင်လရဲ့အမြင့်ဆုံး ဈေးနှုန်းစံချိန်ကို တောင်သူ/လှောင်သူ အကိုင်တူစွာ ပြန်လည်မျှော်လင့် စောင့်စားနေကြကြောင်း ကုန်သည်ကြီးများထံမှ ကြားသိရကြောင်းပါ။


ကျော်မျိုးမင်း