MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (01 - 08 - 08)

ယခုနှစ်ရွှေဘိုခရိုင်နှမ်းအထွက်ကောင်းနိုင်။

ရွှေဘိုခရိုင်ရဲ့ ၈ မြို့နယ်မှာ ဆီထွက်သီးနှံဖြစ်တဲ့ နှမ်း၊ မြေပဲ၊ နေကြာတို့ကို အများဆုံးစိုက်ပျိုးပါတယ်။ နွေ၊ မိုး (နှမ်း) များကို မေ၊ ဇွန်လများမှာ စတင်စိုက်ပျိုးကြပြီး စက်တင်ဘာ၊ အောက်တိုဘာလများမှာ ရိတ်သိမ်း ရပါတယ်။ ၂၀၀၇-၂၀၀၈ မှာ မိုးနှမ်းလျာထားဧက ၃၁၀၀၀ မှ ၂၄၅၂၈ ဧကစိုက်ပျိုးခဲ့ပြီး ယခု ၂၀၀၈-၂၀၀၉ တွင် ၁၆.၇.၂၀၀၈ နေ့ထိ လျာထားဧက ၂၉၄၄၃ မှာ ၂၇၉၇၈ ဧကစိုက်ပျိုးပြီးတဲ့အတွက် ၉၅.၀၅ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ နှမ်းတစ်ဧကကို မျိုး ၂ ပြည် ၄ လုံးခန့်ထည့်ရပြီး တစ်ဧက ကုန်ကျစရိတ် ကျပ်ကိုးသောင်းခန့်ရှိပါတယ်။ ယခုနှစ် မိုးလေ၀သကောင်းလို့ တစ်ဧကပျမ်းမျှ ၇ တင်းလောက်ထွက်နိုင်တယ်လို့ သိရပါတယ်။ နှမ်းစိုက်တောင်သူများ အနေနဲ့ အရှုံးမရှိနိုင်ပဲ လက်ရှိပေါက်ဈေး နှမ်းညို၊ နှမ်းနီဈေးမှာ ၃ တင်းတစ်အိတ်ကို ၈၅၁၀၀ ကျပ်ဈေးရှိနေကြောင်း သိရပါတယ်။

စန်းအောင်