မိုးညှင်းဓါတ်မြေသြဇာဈေးကွက်အရောင်းသွက်။
မိုးညှင်းမြို့နယ်မှာ မိုးစပါးစိုက်ရာသီဖြစ်လို့ ဓါတ်မြေသြဇာသုံးစွဲမှုများပြားလာတဲ့အတွက် ဓါတ်မြေသြဇာ ဈေးကွက် အရောင်းအ၀ယ်သွက်လာပါတယ်။ ဓါတ်မြေသြဇာ တင်သွင်းမှု များပြားလာသလို ဈေးနှုန်းလည်း ယခင်လကထက် တက်လာပါတယ်။ ယခင်ဇွန်လက တောင် ၃ လုံး ဓါတ်မြေသြဇာတစ်အိတ်ကို ၃၁၀၀၀ ကျပ် ရောင်းချနေရာက ယခုဈေး ၃၃၀၀၀ ကျပ်ဖြစ်ပြီး မန္တလေးမှ UAE တံဆိပ်ရိုက် ဓါတ်မြေသြဇာအိတ်များကို ဈေးကွက်မှာ ၃၂၀၀၀ ကျပ် ဈေးရှိနေပါတယ်။ ဇွန်လက တီစူပါ (တရုတ်) တစ်အိတ် ၃၈၀၀၀ ကျပ်မှာ ယခု ၄၁၀၀၀ ကျပ်ဈေးရှိကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်မှ တင်သွင်းသော ဓါတ်မြေသြဇာဖြစ်တဲ့ ပန်းဖူး၊ ဓူဝံ၊ ကောင်းသန့်လိုတံဆိပ်များကို မိုးညှင်းတွင် အသုံးများကြောင်း သိရပါတယ်။
အောင်ကျော်မြင့်-မိုးညှင်း
|