MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (01 - 08 - 08)

ရွှေဖြစ်နေတဲ့ ရွှေဘိုပေါ်ဆန်းဘေးကြား။

စစ်ကိုင်းတိုင်းမှာ ၂၀၀၁-၂၀၀၂ ထဲက သဖန်းဆိပ်ဆည်ကြီး တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့လို့ လယ်မြေဧက ၃ ဒသမ ၂ သိန်း၊ ဆည်ရေပေးဝေနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆန်လိုဒေသဖြစ်ခဲ့ရာက ယနေ့ဆန်ရေစပါးပေါကြွယ်ဝပြီး၊ ဆန်ပိုဒေသအဖြစ်ကို ပြောင်းလဲရောက်ရှိနေပါပြီ။
ရွှေဘိုနယ်မှာ အရင်က နန်းသုံးတော်ဝင်စပါးဖြစ်တဲ့ ရွှေဘိုခွန်နီဆိုရင် အထက်မြန်မာပြည်မှာ မသိသူ မရှိသလောက် စပါးအထွက်နှုန်း၊ ဆန်အထွက်နှုန်းနဲ့ ဈေးကွက်ကို အခြေခံပြီး စပါးမျိုးတွေ ပြောင်းလဲစိုက်ပျိုးခဲ့ရာမှာ ဧရာမင်း၊ မာကျူရီ ခေါ် ရွှေဘိုမနော်၊ စောရှုပ်စတဲ့ စပါးတွေထွန်းကားခဲ့ပြန်ပါတယ်။ ရွှေဘိုနယ်မှာ ရေသေချာတဲ့အတွက် အမျှော်အမြင်ကြီးမားတဲ့ လယ်သမားကြီးတွေက ဧရာဝတီတိုင်း၊ ပေါ်ဆန်း ဘေးကြားကို မျိုးရယူပြီး ၂၀၀၄ ခုနှစ်က စတင်စိုက်ပျိုးခဲ့ကြပါတယ်။
ပေါ်ဆန်းဘေးကြားဟာ ဇာတိမြေ ဧရာဝတီရဲ့ ပေါ်ဆန်းလောက်အမွေးအနံ့မပြည့်ပေမဲ့ စားသုံးရတဲ့ အရသာနဲ့ ထမင်းလုံးအရှည်မှာ ထပ်တူထပ်မျှရှိပါတယ်။ ဈေးကွက်ရှိပြီး ဖြစ်ခြင်း၊ စပါးနဲ့ ဆန်ထွက်နှုန်းကောင်းခြင်း၊ တစ်ဧကကုန်ကျစရိတ်က အခြားစပါးထ်များပေမဲ့ ၂၀၀၀ ခန့်အထိ စိုက်ပျိုးလာကြပါတယ်။
ပေါ်ဆန်းဘေးကြားမှာ သက်ရင့်နဲ့သက်နုရှိရာ သက်နုကပျိုးသက်အပါအ၀င် ၁၃၅ ရက်သာရှိတဲ့အတွက် သက်နုမျိုးကိုသာ စိုက်ပျိုးကြပါတယ်။ ပေါ်ဆန်းဘေးကြား စိုက်ပျိုးခြင်း က နွေစပါးစိုက်ပျိုးခြင်းကို မထိခိုက်ပဲ ပုံမှန်စိုက်ပျိုးနိုင်ကြပါတယ်။
ရွှေဘိုနယ်မှာ ပေါ်ဆန်းဘေးကြားကို သီးလုံးကျေးရွာက ဧက ၂၀၀၀ ခန့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းခဲ့ ရာမှာ တောင်သူများရဲ့ ဂရုတစိုက်ဆောင်ရွက်ခြင်းတို့ကြောင့် အရည် အချင်းမှာ ဆန်ခြင်းယှဉ်လို့ဘဲကြည့်ကြည့် ချက်လို့ပဲစားစား ပုသိမ်ပေါ်ဆန်းဘေးကြာနဲ့ ခွဲမရတဲ့အရည်အသွေးကောင်းကို တက်လှမ်းခဲ့ပါတယ်။
ပေါ်ဆန်းဘေးကြား စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ကုန်ကျစရိတ၊် အကျိုးအမြတ်ရရှိမှု၊ ဆန်အထွက်နှုန်းဟာ ဒေသစပါးထက်ပိုကာကို အောက်ပါအတိုင်းတွေ့ရှိနိုင်ပါတယ်-



ပေါ်ဆန်းဘေးကြားကို စိုက်တဲ့အခါ ပျိုးမထောင်တော့ဘဲ တိုက်ရိုက်အစေ့ချစနစ်ကို သုံးကြခြင်းကြောင့် ကုန်ကျစရိတ်လည်းသက်သာကြပါတယ်။
ပေါ်ဆန်းဘေးကြားကို စိုက်တဲ့အခါ ပျိုးမကောင်းတော့ဘဲ တိုက်ရိုက်အစေ့ချစနစ်ကို သုံးကြခြင်းကြောင့် ကုန်ကျစရိတ်လည်းသက်သာကြပါတယ်။
စပါးလည်းအထွက်တိုး၊ ဆန်အထွက်လည်းကောင်း ဈေးကလည်းကောင်းဆိုတော့ ရွှေဘိုနယ် သီးလုံးကျေးရွာက လယ်သမားတွေ ရွှေဖြစ်နေကြပြီဖြစ်လို့ ဧရာဝတီက ဖျာပုံ ပေါ်ဆန်းဘေးကြား စစ်ကိုင်းတိုင်းမှာ သီးလုံး (ရွှေဘိုမြို့နယ်) ပေါ်ဆန်းဘေးကြားလို့ တောင်သူတွေ ထုတ်ယူနေကြလေရဲ့။
ရုံးမှင်