MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (25 - 04 - 08)

အရောင်းသွက်နေတဲ့ ပြည်သံပုရာသီးဈေးကွက်။

ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် အအေးဆိုင်များ၌ သစ်သီးစုံကို ဖျော်ရည်အဖြစ် ပြုလုပ်ရောင်းချကြသည်။ မောပန်း၍ ချွေးထွက်များပြီး ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်ကြသောကြောင့် အအေး သောက်သုံး လျှင်လည်း သံပုရာရည်ကိုသာ သောက်သုံးကြသည်ကများကြောင်း တွေ့ရပါသည်။ သံပုရာသီးများမှာ နွေသီးဖြစ်သောကြောင့် အလုံးမလှသော်လည်း စားသုံးသူများ၍ အ၀ယ်များကြသည်။ ပဲခူးတိုင်းအနောက်ပိုင်းတွင် ပြည်မြို့နယ်အတွင်း ဇီးအုပ်၊ နတ္တလင်း၊ ညောင်ကုန်း၊ သစ်ချေတင်၊ ရှမ်းစုရွာ၊ ဇီးဖြူကုန်းနှင့် ပြည်မြို့၏ တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်များမှလည်း သံပုရာသီးထွက်ရှိပြီး ရန်ကုန်ဒိုင်များသို့တင်ပို့ရာတွင် ပီနံအိတ်များဖြင့် ထုပ်ပိုး၍ တင်ပို့ကြသည်။ ပီနံအိတ်တစ်အိတ်လျှင် အလုံး ၁၇၀၀-၂၀၀၀လုံးအထိပါဝင်သည်။ ကုန်သည်တစ်ဦးခြင်းအနေဖြင့် ရန်ကုန်သို့၂အိတ်မှ၃အိတ်အထိ တင်ပို့နိုင်ပြီးတစ်ပတ်တစ်ခါ ခူးဆွတ်ရောင်းချကြသည်။ သံပုရာသီးတစ်လုံးလျှင်၃၀ကျပ်မှ၇၀ကျပ်ဈေးရှိကြောင်းသိရသည်။

လှလှအောင်