MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (22 - 04 - 08)

တောင်ငူလိုင်ချီး စပေါ်ပြီ။

လိုင်ချီးသီးကို ဧပြီပထမပတ်မှ မိုးရာသီ သြဂုတ်လအထိထွက်ရှိသည်။ ပေါ်ဦးပေါ်စ တောင်ငူနယ်တစ်ခွင်မှ လိုင်ချီးသီးထွက်နေပြီဖြစ်သည်။ လိုင်ချီးသီးထွက်ရာဒေသမှာ ကရင်ပြည်နယ် သံတောင်ကြီး၊ ဘောကလိစသည့် တောင်ပေါ်ဒေသဥယျာဉ်များမှ ထွက်ရှိပါသည်။ လိုင်ချီးသီးကို ၆ နှစ်မှစတင်သီးကြောင်း တွေ့ရသည်။ ပေါ်ဦးပေါ်စဖြစ်၍ အလုံး ၁၀၀ ပါအင်ဖက်ထုပ်တစ်ထုတ်လျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်ဈေးဖြစ်နေသည်။ ၎င်းင်းလိုင်ချီးသီးများကို တောင်ငူမြို့သို့ တစ်နေ့လျှင် ဟိုင်းလက်ကား ၅ စီးမှ ၆ စီးခန့် ၀င်ရောက်ပြီး ရန်ကုန်၊ မန္တလေးမြို့များသို့ ဟိုင်းလက်ကား ၂ စီးမှ ၃ စီးခန့်တင်ပို့နေကြောင်းသိရသည်။ ဟိုင်းလက်ကားတစ်စီးလျှင် အထုတ်ရေ ၆၀၀၀ မှ ၉၀၀၀ ခန့်ထိ ပါဝင်ကြောင်း သိရသည်။ ပေါ်ဦးပေါ်စဖြစ်၍ အရသာမှာလည်းကောင်းမွန်၍ လူကြိုက်များနေကြောင်း သိရသည်။

မြတ်သူ