MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (09 - 04 - 08)

အင်းလေးဒေသထွက် ငြုပ်ပွနှင့် ဂေါ်ရခါးသီးများ အောင်ပန်းဈေးကွက်သို့ လှိုင်လှိုင်ဝင်။

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ ပြည်သာယာဈေး (အောက်ဈေး) ရှိပွဲရုံများသို့ အင်းလေးဒေသတွင် စိုက်ပျိုးသော အင်းသီးဖြစ်သည့် ငြုပ်ပွနှင့် ဂေါ်ရခါးသီးများ လှိုင်လှိုင်ဝင်ရောက်လာပြီး၊ ဧပြီလ ပထမအပတ်တွင်ငြုပ်ပွ တစ်ပိဿာလျှင် ၃၅၀ ကျပ်ဈေးဖြင့် ငါး ရက်တစ်ဈေးတွင် ကုန်စည် တစ်သောင်းကျော်ဝင်ရောက်လာသည်။ အင်းဂေါ်ရခါးသီး တစ်လုံးလျှင် ၃၀ ကျပ်ရှိပြီး ငါးရက်တစ်ဈေးလျှင် အလုံးရေ သုံးသောင်းကျော်ဝင်ရောက်သည်။ ရန်ကုန်နှင့် မန္တလေးသို့ အဓိကတင်ပို့ကြောင်းသိရသည်။ ရန်ကုန်သို့ ကားတင်ပို့ခမှာ ငြုပ်ပွ ၃၅ ပိဿာဝင်ခြင်းတစ်ခြင်းလျှင် ၃၅၀၀ ကျပ်ဈေးရှိပြီး ဂေါ်ရခါးသီး တစ်လုံး ၁၂ ကျပ် ရှိကြောင်းသိရသည်။

စိုင်းသန့်စင်ဟိန်း