MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (01 - 04 - 08)

ဒူးရင်းသီးစတင်ပေါ်နေပြီ။

မြိတ်ဒေသ၏ ရာသီပေါ်သီးနှံများတွင် ဒူးရင်းသီးသည်လည်းတစ်မျိုးအပါအ၀င်ဖြစ်ပါသည်။ ဒူးရင်းသီး သည် ပူပြင်းသောမတ်လတွင် စတင်ပေါ်ပြီး၊ ဧပြီလတွင်အသီးလှိုင်လှိုင် ပေါ၍ မေလလောက်တွင် အသီးအထွက် နည်းသွားပါသည်။
ဒူးရင်းသီးအထွက်များသောဒေသများမှာ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာ၊ မရမ်းချောင်ကျေးရွာများဖြစ်ပြီး ထိုဒေသများမှထွက်သော ဒူးရင်းသီးများသည် တစ်ခြားဒေသထွက် ဒူးရင်းသီးများထက် အနံ့အရသာကောင်းမွန်ပြီး အစေ့ငယ်၍ အသားထူသောအသီးများဖြစ်ပါသည်။
ယခုစတင်ထွက်သောအချိန်တွင် ဒူးရင်းသီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ထိပေးရ၍ အသေးတစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ထိ ပေးရပါသည်။ ယခင်နှစ်စကပေါ်ချိန်၌ အလုံးကြီးတစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဖြစ်သောကြောင့် ယခင်နှစ်ထက် ဈေးနှုန်းမြင့်လာသော်လည်း တနင်္သာရီတိုင်း၊ ကျွန်းစု မြို့နယ်မှထွက်သောအသီးသည် အနံ့အရသာကောင်းမွန်၍ လူကြိုက်များကြောင်း သိရှိရပါသည်။ ယခုနှစ် စတင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် အထွက်နည်း၍ ဈေးနှုန်း ကြီးမြင့်သော်လည်း နောက်လများတွင် ပိုမိုထွက်ရှိ လာနိုင်ပြီး ဈေးနှုန်းကျဆင်းလာမည်ဖြစ်ကြောင်း၊ ဒူးရင်းသီးဈေးကွက်၌ သိရှိရသည်။

ညိုညိုစန်း