MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (01 - 04 - 08)

ဂန့်ဂေါက ထောပတ်ပဲ။

ကော်မရှင်ကိစ္စတွေဆောင်ရွက်ရင်း ဂန့်ဂေါကနေ မိုင် ၄၀ လောက်ဝေးတဲ့ ရွာတစ်ရွာကိုရောက်နေပါတယ်။ ထောပတ်ပဲစပေါ်နေပါတယ်၊ မနှစ်က တစ်တင်းကို ၁၄၀၀၀ ကျပ်ကျော်နဲ့ စတိုင်ကျခဲ့တဲ့ ထောပတ်ပဲဟာ တစ်နှစ်လုံး ဟုတ်တိပတ်တိဈေးမကိုက်၊ အ၀ယ်မလိုက်ဘဲ အတက်နည်းနည်း၊ အဆင်းများများရှိရာက လက်ရှိ အခြေအနေမှာ ၁၀၀၀၀ ကျပ်၊ ၁၁၀၀၀ ကျပ်ဝန်းကျင်မှာဘဲ ခပ်မစိပ်ရှိနေပါတယ်။
ဒီနှစ်တော့ဂန့်ဂေါနယ်၊ ယောနယ်၊ ဆောနယ် တစ်ဝိုက်မှာ မိုးခေါင်ခဲ့တာကြောင့် အပင်တွေသာဖြစ်ထွန်းပြီး အပွင့်နည်း၊ အသီးနည်းခဲ့လို့ အထွက်လည်းနည်းမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါပေမဲ့ စိုက်ပျိုးချိန် ဒီဇင်ဘာ၊ ဇန်န၀ါရီလမှာ ကြိုဝယ်တဲ့သူက တစ်တင်း ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ဈေးထိပေးခဲ့ပါတယ်။
ယခုဆိုရင် ဂန့်ဂေါနယ်တစ်ဝိုက်မှာ ထောပတ်ပဲထွက်စပြုနေပါပြီ၊ မြို့နဲ့မိုင် ၄၀ ကျော်ဝေးတဲ့ ရွာတွေမှာ တစ်တင်းကို ၆၀၀၀ ကျပ်ဈေးပေးဝယ်နေပြီး၊ ဂန့်ဂေါမြို့ပေါ်မှာတော့ ၇၀၀၀ ကျပ်-၇၅၀၀ ကျပ်ဈေးနဲ့ သိမ်းနေကြောင်းသိရပါတယ်။ တောင်သူတွေလဲစရိတ်လိုနေတော့ အောင့်သက်သက်ပေါ့။ ကြိုဝယ်သူတွေလဲ ငိုမဲ့မဲ့နဲ့ပေါ့ .......။

ရာညွန့်