| ပြည်တွင်းကုန်သွယ်မှုသတင်း (05 - 03 - 08) |
|
ကလေးဒေသ၌ လယ်ကွင်းများတွင်စိုက်သော ရိုးပြန့်နှင့်ပဲခင်းများအကြားတွင် စိုက်ပျိုးသော သီးညှပ်ဟူ၍ အမျိုးအစားနှစ်မျိုးရှိပြီး ယခုအချိန်တွင် သီးညှပ်နေကြာများ ပေါ်လျက်ရှိပါသည်။ အရောင်းအ၀ယ်ဖြစ်မှု သိပ်မရှိဘဲ ဆီစက်များမှာသာ ကြိတ်ခွဲကြောင်း သိရှိရသည်။ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် ၁၁၀၀၀ ကျပ်ဝန်းကျင် ရှိပါသည်။ ဆီ ၁၀ ပိဿာထွက်ရှိရန် သန့်စင်ပြီးနေကြာများအား ၃ တင်းကြိတ်ခွဲရ၍ မသန့်စင်ရသေးသော နေကြာများကိုမူ ၄ တင်းကြိတ်ခွဲရသည်။ နေကြာဆီဈေးနှုန်းမှာ တစ်ပိဿာ ၄၂၀၀ ကျပ်ရှိသည်။ ရိုးပြန့်နေကြာများမှာ မတ်လကုန်ခန့်မှ ထွက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။ |