MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (03 - 03 - 08)

ဈေးကွက်အမီ စီးဆင်းလာတဲ့ မင်းကင်းကနီမြေပဲဆီံ။

ယခုနှစ် ဆောင်းရာသီစိုက် မြေပဲတွေအသစ်ပေါ်လာပြီဖြစ်ဲ၍ ကနီ၊ ကျောက်လှေခါး၊ တောင်တွင်းချောင် ဆယ်ရွာချောင်၊ ယာကြီးနှင့်မင်းကင်းမြို့နယ်တို့မှ မြေပဲဆံများ၊ မုံရွာဈေးကွက်သို့ နေ့စဉ်ဝင်ရောက်စီးဆင်းလျက် ရှိကြောင်းသိရပါတယ်။
ဒီနှစ် ဖေဖေါ်ဝါရီ မြေပဲသစ်ပေါ်ချိန်မှာ မြေပဲဆံ (ဆီဆံ) တစ်ပိဿာအနိမ့်ဆုံး ၁၉၅၀ ကျပ်မှ အမြင့်ဆုံး ၂၃၅၀ ကျပ်၊ လုံးဆံတစ်တင်း အနိမ့်ဆုံး ၃၃၅၀၀ ကျပ်မှ ၃၆၀၀၀ ကျပ်ထိ ဈေးကောင်းရခဲ့ကြလို့ ကနီနှင့် မင်းကင်းနယ်မှ မြေပဲတောင်သူတွေ မုံရွာပွဲရုံများဆီသို့ ဈေးကွက်အမီ ရေလမ်း၊ ကုန်းလမ်းတို့ဖြင့် တစ်နေ့လျှင် တင်း ၁၅၀၀ မှ ၂၀၀၀ ၀န်းကျင် တင်ပို့လျက်ရှိရာ ဈေးကွက်ဈေးနှုန်းအရ တင်ပို့မှုပမာဏ အလျော့အတင်း ရှိနိုင်ကြောင်း ပွဲရုံရပ်ကွက်မှသိရပါတယ်။

ထွန်းလှိုင်