MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (24 - 03 - 08)

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၏ မတ်လ ၁၁ - ၁၇ ရက်အတွင်း ကုန်စည်စီးဆင်းမှု။

မတ်လ ပထမပတ်အတွင်း လားရှိုးမြို့ကိုဖြတ်၍ မူဆယ်သို့တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ဖရဲသီး ၈၄၇၀ တန်၊ ရာဘာ ၇၀၂ တန်၊ ရေခဲငါး ၇၁၁ တန်၊ ငါးရှဥ့် ၂၁၈ တန်၊ ကဏန်း ၄၀၇ တန်၊ ငါးလေးခြောက် ၃၅ တန်၊ ငါးဆားနယ် ၇၀ တန်၊ ငါးမုတ် ၃၅ တန်၊ သခွားမွှေး ၃၉၀၀ တန်၊ နှမ်းဖြူ ၅၁၃ တန်၊ နှမ်းနက် ၇၂ တန်၊ ပဲတီစိမ်း ၅၄၈၃ တန်၊ ပဲပုပ်စေ့ ၇၂ တန်၊ မတ်ပဲ ၃၂၃ တန်၊ ပဲလွန်းဖြူ ၄၇၄ တန်၊ ပြောင်းဖူးစေ့ ၅၃၂၆ တန်၊ ပဲယင်း ၇၃ တန်၊ ပဲကြီး ၁၀၉ တန်၊ ဆီးသီးခြောက် ၂၄၀၄ တန်၊ စပျစ်သီး ၃၇ တန်၊ ခနောက်စိမ်း ၁၃၀ တန်၊ သားရေ ၁၁၈ တန်၊ ပလပ်စတစ်ဖြတ်စ ၅၂ တန်၊ ၀က် ၅၆၀ ကောင်၊ ဆန် ၄၇၀ တန်၊ သစ်မာလုံးခွဲသား ၁၀၀ တန်၊ ခဲသတ္တုရိုင်း ၁၃၈ တန်၊ နိုင်လွန်ပဲ ၃၃ တန်၊ ကြက်ဆူစေ့ ၁၉၇ တန်၊ ကင်းမွန်ခြောက် ၆၅ တန်၊ နွားကြော ၄၀ တန်၊ မိကျောင်းကွမ်းဖတ် ၁၂၃ တန်တင်ပို့ခဲ့သည်။
မူဆယ်မှ လားရှိုးကိုဖြတ်၍ တင်သွင်းခဲ့သောပစ္စည်းများမှာ ဖယောင်း ၃၁၆ တန်၊ ကျောက်မှုန့် ၇၁၄ တန်၊ သွပ်နန်းကြိုး ၁၁၃ တန်၊ သံပိုက်လုံး ၃၄၉ တန်၊ ချည်ထုတ် ၁၃၅ တန်၊ ဟင်ဂလန် ၄၀၀ တန်၊ သံပြား ၄၈ တန်၊ ဓါတ်ခဲကုန်ကြမ်း ၂၀ တန်၊ မှန် ၄၉၀ တန်၊ ကျောက်ပြား ၂၁၀ တန်၊ မူလီနတ် ၁၀၈ တန်၊ ဓါတ်ဗူး ၄၀၉၁၄ လုံး၊ ပန်းသီး ၄၃၀ တန်၊ ဂျုံစေ့ ၁၁၃၀ တန်၊ စက္ကူ ၂၈၂ တန်၊ ဘိနပ် ၃၃၉၈၇ ရံ၊ ပန်းကန် ၅၇၆၆၄၅ ချပ်၊ နေကြာစေ့ ၅၆ တန်၊ ဓါတ်မီး ၁၂၆၁၄၀ လက်၊ ကြိတ်သားပြား ၂၁၀ တန်၊ ကြွေပြား ၁၀၈၅ တန်၊ ဓါတ်မြေသြဇာ ၂၆၆၅ တန်၊ နို့မှုန့် ၂၃ တန်တို့ဖြစ်ကြသည်။်။

ညွန့်ခင်