တပေါင်းပွဲတော်နွှဲပျော်သည့် ဖရဲသီးဈေးကွက်။
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှ ၂၇ မိုင်အကွာရှိ ပင်းတယမြို့သည် ရှေးဟောင်းသမိုင်းဝင် လိုဏ်ဂူဘုရားရှိသည့်အတွက် တင်ရှားပြီး၊ ပင်းတယဘုရားပွဲကို နှစ်စဉ် တပေါင်းလပြည့်တိုင်း ကျင်းပလျက် ရှိပါတယ်။ နွေဦးရာသီပွဲတော်ဖြစ်လို့ ပွဲခင်းရဲ့ ၃ ပုံ ၂ ပုံဟာ ဖရဲသီးတွေကနေရာယူနေပါတယ်။ မန္တလေး၊ ကျောက်ဆည်ဘက်မှ ဖရဲသီးများ အား တစ်နေ့ကား ၃၊ ၄ စီးလောက်ဝင်ရောက်နေပါတယ်။ ကလော၊ အောင်ပန်း။ ပင်းတယ၊ ဟဲဟိုး ဈေးတွေက လက်လီတစ်လုံး ၇၀၀ မှ ၁၀၀၀ ကျပ်ရောင်းပြီး လက်ကား ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဈေးနဲ့ရောင်းကြောင်း သိရပါတယ်။
ငြိမ်းငြိမ်းထွေး |