နိုင်ငံခြားခရီးသွားချင်တယ်ဆိုတဲ့ သရက်ပြားခြောက်။
ကျောက်ဆည်ခရိုင် စဥ့်ကိုင်နယ်ဘက်တွင် သရက်ခြံများနှင့်တွဲလျှက် တန်ဘိုးမြှင့်ထုတ်ကုန်လုပ်ငန်းဖြစ်တဲ့ သရက်ပြားခြောက်လုပ်ငန်း၊ သရက်သီးဓားပေါက် အချဉ်သိပ်ခြင်း လုပ်ငန်း သရက်သီးမှည့် သရက်ပြားလုပ်ငန်းများစတင်ဘို့အတွက် အချိန်နီးကပ်လာပြီလို့သိရပါတယ်။သရက်ပြားခြောက်လုပ်ငန်းမှာ သရက်သီးစိမ်းများကို သရက်ချော (စိန် တစ်လုံး)၊ ဟင်္သာ၊ရင်ကွဲများကို အသုံးမပြုဘဲ သရက်သီးကြမ်းများဖြစ်တဲ့ (အောင်ဒင်၊နက်တည့်၊ ပန်းဘင်္ဂလား များသာအများဆုံး အစိမ်းခူးပြီး လုပ်ကိုင်ကြပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် လေတိုက်ကြွေခြင်း၊အသီးမနိုင်၍ ကိုင်ကျိုးကျခြင်းများကြောင့်ကြွေကျတဲ့ သရက်ချောများကိုလုပ်လေ့ရှိပါတယ်လို့သိရပါတယ်။သရက်ပြားခြောက်လုပ်ငန်း ဟာ ဧပြီလ မှ ဇွန်လအထိ လုပ်ရပြီး၊ ဇူလိုင်လ မှ ဒီဇင်ဘာလများအတွင်း မှာရောင်းအားအကောင်းဆုံးအချိန် ဖြစ်တယ်လို့လည်း သိခဲ့ရပါတယ်။သရက်သီးအရွယ်အစားအလိုက် တစ်ပိဿာလျှင် သရက်ပြားခြောက် ၂၅ ကျပ်သား ထွက်ရှိတယ်ပြီး။ယမန်နှစ် ဒေသရောင်းဈေးအရ တစ်ပိဿာ ၆၅၀ ကျပ်မှ ၇၀၀ ကျပ်ထိရရှိပြီး မန္တလေးကုန်သည်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့နေရကြောင်း သိရှိရပါတယ်။ဒါကြောင့် ယခုနှစ်တွင်လည်း သရက်သီးစိမ်းများကို အလေအလွင့်မရှိဘဲ သရက်ပြားခြောက်တန်ဘိုးမြှင့်ထုတ်လုပ် ပြီး နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်ပါကြောင်း ရေးသားလိုက်ပါတယ်။
သက်လွင်ထူး |