ရေချိုပုစွန်သားပေါက်များ ယခင်နှစ်ကထက် ပိုမိုမွေးမြူနိုင်။
မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်းအနေဖြင့် ပြည်ပပို့ကုန် နှစ်စဉ်တိုးတက်စေရန်အတွက် ဆောင်ရွက် လျက်ရှိရာ ယခုနှစ်တွင် ရေချိုပုစွန်သားပေါက် စခန်း ၁၅ ခုအထိ တိုးတက်ဆောင်ရွက်နိုင်ခဲ့ပြီး ရေချိုပုစွန်သား ပေါက်ကောင်ရေသိန်း ၈၀၀ သားဖောက်ထုတ်လုပ်ခဲ့ရာမှ သိန်းပေါင်း ၁၅၀၀ အထိ တိုး၍ထွက်ရှိလာမည့် အနေအထားများအထိ ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိရေချိုပုစွန်သားပေါက် တစ်ကောင်လျှင် ၁၀ ကျပ် မှ ၁၁ ကျပ်နှုန်းအထိ ရောင်းချပေးလျက်ရှိပါသည်။
ယခုအခါ ငါးမွေးမြူသူများ အနေဖြင့် ငါးနှင့်ပုစွန်ရော၍ မွေးမြူသည့်နည်းစနစ်ကို တော်တော်များများ လုပ်ကိုင်လာသည့်အတွက် ပုစွန်သားပေါက်ဝယ်လိုအား မြင့်တက်လာမည့် အနေအထားရှိနေကြောင်း ရေးသားလိုက်ရပါသည်။
Source: Myanmar Fisheries & Livestocks
သြ၀င်း |