| ပြည်တွင်းကုန်သွယ်မှုသတင်း (14 - 03 - 08) |
|
ကျွန်တော်ကို မြန်မာလူမျိုးများ၏ အိမ်တိုင်းအိမ်တိုင်းတွင် ဧည့်သည်များအတွက် တည်ခင်းဧည့်ခံရန် လက်ဘက်ခြောက်ကောင်းကောင်းနှင့် လက်ဘက်ရည်ကြမ်းခေါ် ရေနွေး ကြမ်းကိုအမြဲအဆင်သင့်ထားလေ့ရှိသည်။ရေနွေးကြမ်းကောင်းကောင်းရရှိဖို့လက်ဘက်ခြောက်ကောင်းကောင်းရရှိရန်လိုအပ်သည်။ လက်ဘက်ခြောက်များထဲတွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့မှ အဓိကစိုက်ပျိုးထွက်ရှိသော ပင်လောင်းလက်ဘက်ခြောက်မှာ နာမည်အလွန်ကြီးလှပါသည်။ ရွှေဖီဦးလက်ဘက်ခြောက်ဟု လူသိများလှသော လက်ဘက်ရွက်သစ်များသည် မတ်လ လဆန်းပိုင်းမှ စတင်ထွက်ရှိနေပြီး မကြာမီလှိုင်လှိုင်ပေါ်တော့ မည်ဖြစ်ပါသည်။ လက်ဘက်ကို စီးပွားဖြစ်စိုက်ပျိုးသည့် ရှမ်းပြည် တောင်ပိုင်းရှိ ပင်လောင်းမြို့လေးသည် ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ ၄၈၀၀တွင်တည်ရှိပါသည်။ တောင်မြောက်သွယ်တန်းနေသော တောင်တန်းများရှိပြီး တောတောင်ထူထပ်ကာ အေးမြသောရာသီဥတုရှိပါသည်။ နှစ်စဉ်ဆောင်းရာသီ၌ အနိမ့်ဆုံး အပူချိန် ၄ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိပြီး ရှမ်းပြည်နယ်၏ အအေးဆုံး ဒေသ လည်းဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၄၀၀၀ ကျော်တွင် ပေါက်ရောက်လေ့ရှိသည့် လက်ဘက်ပင်များသည် ပင်လောင်းမြို့နယ်ရှိ တောင်ကမ်းပါးယံများတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ လက်ဘက်စိုက်ဧကပေါင်း ၁၀၂၆၀ ဧကရှိကြောင်းသိရသည်။ လက်ဘက်စို ရွက်စိမ်းများကို မတ်လမှ နိုဝင်ဘာလအထိ ခူးယူပြီး လက်ဘက်ခြောက် ပြုလုပ်ကြပါသည်။ ရွှေဖီဦး လက်ဘက်ခြောက်ကို ရရှိရန် မိုးမကျမီ မတ်လမှ စတင်ကာ ရွက်သစ်များကို ခူးယူကြပါ သည်။ ထို့နောက် မီးဖြင့်အပူပေးကာ လှော်ကြသည်။ လှော်ထားသော လက်ဘက်များကို လက်ဖြင့်တစ်ချို့ကစက်ဖြင့်ကျစ်နေအောင်လိပ်ကာ နေပူလှမ်းရပါသည်။ ၀ါးလိုက်လျှင်ကျွတ်နေအောင်အထိ နေလှမ်းပြီးမှ ရွှေဖီဦးလက်ဘက်ခြောက်ကိုရရှိသည်။ ရွှေဖီဦးလက်ဘက်ခြောက်သည် အနံ့အရသာအလွန်မွှေးပျံ့ကောင်းမွန်ပြီး ခံတွင်း၌စွဲကျန်ရစ်အောင် ကောင်းလှသောကြောင့် လူကြိုက် များလှပါသည်။ စိုင်းသန့်စင်ဟိန်း |