MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (11 - 03 - 08)

လူကြိုက်များတဲ့ သခွားမွှေး။

သခွားမွှေးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်ပြီး နေရာမရွေးဝယ်ယူစားသုံးနိုင်သော သီးနှံဖြစ်ပါသည်။ သခွားမွှေးကို ရိုးရိုးဝယ်ယူစားသုံးရာမှ ယခုဆိုလျှင် အလှူ မင်္ဂလာပွဲများ၌ အချိုပွဲ အဖြစ်နေရာယူလာသော သီးနှံတစ်မျိုးဖြစ်လာခဲ့ပါသည်။ လောလောဆယ် မန္တလေးသစ်သီးဈေးကွက်သို့ သခွားများစိုက်ပျိုးလျက်ရှိသော စစ်ကိုင်းတိုင်း၊ ညောင်ပင်ဝင်းဘက်မှ ဂျပန်ဆန်းလေ နှင့် ရွှေသခွားမွှေး များဝင်ရောက်လျက်ရှိပါသည်။ အသီးရဲ့ အခွံက အဖြူရောင်၊ အတွင်းသားက ကြက်ဥနှစ်ရောင်ဖြစ်ပြီး၊ ဆန်းလေ သခွားမွှေးများ တစ်နေ့ အ၀င်အလုံး ၄၀၀ မှ ၅၀၀ လောက်ဝင်ပြီး အရသာမှာချိုသော်လည်း အလုံးကသေး၍ အမြင်မလှသောကြောင့်ဈေးနှုန်းမှာ ၃၅၀ ကျပ်မှ ၁၅၀ ကျပ် လောက်သာရှိပြီး ဈေးသက်သာသောအသီးဖြစ်ပါသည်။ရွှေသခွားမွှေးရဲ့ အရသာမှာဆန်းလေလောက်အချိုဓါတ်မများ သော်လည်းအလုံးလှခြင်း၊ အရောင်လှခြင်း၊ အမြင်လှခြင်း တို့ကြောင့် ရွှေသခွားမွှေးကို စားသုံးမှုများကာ ရွှေသခွားရဲ့ဈေးကွက်က ပို၍ရကြောင်း၊ ရွှေသခွားမွှေးတစ်လုံးမှာ ၈၀၀ ကျပ်ရှိပါသည်။ ရှေ့လျှောက် ပူတဲ့ရာသီရောက်လာပြီဖြစ်၍ စားသုံးမှုမှာလည်းပိုလာမည်ဖြစ်ကြောင်း၊အရောင်းအ၀ယ်မှာ ပို၍ကောင်း လာတော့မည်ဖြစ်ကြောင်းမန္တလေးသစ်သီးဈေးကွက်မှသိရှိရပါသည်။

အေးအေးတင့်