အလှမွေးငါး လက်ကားဝယ်ယူနိုင်တော့မည်။
အလှမွေး ငါးလုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ အလှမွေးငါး လက်ကားဈေးကို ကန်တော်ကြီး ရေချိုငါးဥယျာဉ် ပတ်လမ်းတွင် မတ်လဆန်းမှ စတင်ဖွင့်လှစ်၍ အပတ်စဉ် သောကြာနေ့တစ်ရက်တည်းသာ နံနက် (၈) နာရီမှ ညနေ (၅)နာရီအထိ ရောင်းချပေးမည်ဖြစ်ပါသည်။
အလှမွေးငါးများအား လက်ကားသီးသန့်ရောင်းချပေးသွားမည်ဖြစ်ပြီး အလှမွေးငါးနှင့် ဆက်စပ်ပစ္စည်းများလည်း ရောင်းချပေးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် အလှမွေးငါးမွေးမြူ၍ ပြည်ပတင်ပို့သောလုပ်ငန်းများသည် လျင်မြန်စွာ ဖွံ့ဖြိုးကြီးထွားလျက်ရှိပါသည်။ အပူပိုင်းဒေသ အလှမွေးငါးများကို ငါးကန်အတွင်း စီးပွားဖြစ်မျိုးစပ် သားဖောက်မွေးမြူတင်ပို့သော လုပ်ငန်းများသည် အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် နိုင်ငံခြားငွေ အမြောက်အများ ရှာဖွေပေးနိုင်သကဲ့ သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိစေလျက်ရှိပါသည်။
Source: Myanmar Fisheries & Livestocks Journal
သြ၀င်း |