| ပြည်တွင်းကုန်သွယ်မှုသတင်း (31 - 01 - 08) |
မန္တလေးသစ်သီးဈေးကွက်။ မန္တလေးမြို့သည် အနယ်နယ်အရပ်ရပ်မှ သစ်သီးဝလံများ ၀င်ရောက်လျက်ရှိပြီး မန္တလေးကို ဗဟိုပြု၍ ရန်ကုန်၊ စစ်ကိုင်း၊ မကွေးသို့ ကုန်စည်စီးဆင်းမှုဖြစ်ပေါ်လျက်ရှိသည်။ ဇန်န၀ါရီ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်လျက် ရှိသော သစ်သီးဝလံဈေးများမှာ ပျားလိမ္မော် တစ်ပိဿာ ၁၂၀၀ ကျပ်၊ ရိုးရိုးလိမ္မော် တစ်ပိဿာ ၅၀၀ ကျပ်၊ တရုတ်ပန်းသီး ၁၀ လုံး ၁၆၀၀ ကျပ်မှ ၂၄၀၀ ကျပ်၊ ဆီးပန်းသီး ၁၀ လုံး ၃၅၀ ကျပ်၊ ဆီးပုလဲသီးတစ်ပြည် ၂၅၀ ကျပ်၊ ရွှေဘို၊ ကျောက်ဆည်မှဝင်သော သင်္ဘောသီး တစ်လုံး ၃၅၀ ကျပ်၊ ရွှေဘို၊ မြင်းမူမှ ၀င်ရောက်သော သခွားမွှေး တစ်လုံး ၇၀၀ ကျပ်၊ ဖရဲသီးတစ်လုံး ၁၃၀၀ ကျပ်၊ မူဆယ်မှဝင်သော ပန်းသစ်တော်တစ်လုံး ၂၀၀ ကျပ်၊ ဆန်းကစ် တစ်လုံး ၄၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။ |