| ပြည်တွင်းကုန်သွယ်မှုသတင်း (23 - 01 - 08) |
အင်းတော်မြို့နယ် မဲဇာချောင်းအတွင်းက လင်းပိုင်ငါ။ ၁၀.၁.၂၀၀၈ နေ့တွင် အင်းတော်မြို့နယ် အနောက်တောင်ဘက် ၁၀ မိုင်ကွာ ဆိပ်သာကျေးရွာအနီး မဲဇာချောင်းအတွင်းမှ တံငါများရဲ့ မိတ်ဆွေ လင်းပိုင်ငါးအမ တစ်ကောင်ကို ဖမ်းဆီးရမိပြီး ဧရာဝတီမြစ်အတွင်းသို့ ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ မိုးရာသီဧရာဝတီမြစ်ရေတက်စဉ်က ဧရာဝတီမြစ်ထဲသို့ စီးဆင်းတဲ့ မဲဇာချောင်းတစ်လျောက် ဆန်တက်ရင်း ရေပြန်လည်ကျသွားတဲ့အခါမှာ မဲဇာချောင်းထဲမှာကျန်ရစ်ခဲ့ကြောင်းသိရပါတယ်။ ဒေသဆိုင်ရာအာဏာပိုင်များရဲ့ သတင်းပေးပို့မှုကြောင့် ကသာခရိုင် ငါးလုပ်ငန်း ဦးစီးမှူးကိုယ်တိုင် လင်းပိုင်ငါးထည့်သွင်းရန် ကွန်တိန်နာကားတစ်စီး မီးသတ်ကား ၂ စီးနဲ့အတူ လင်းပိုင်ငါးကို စနစ်တကျ ထိခိုက် ဒါဏ်ရာမရရှိအောင်ဖမ်းဆီးခဲ့ကြောင်းသိရှိရပါ တယ်။ လင်းပိုင်ငါးရဲ့ အလျားဟာ ၆ ပေ ၂ လက်မ၊ လုံးပတ် ၃ ပေ ၆ လက်မ၊ အမြီးရင်းအလျား ၁ ပေ ၇ လက်မ၊ အမြီးဖျားအကျယ် ၁ ပေ ၈ လက်မရှိပြီး တန်ဘိုးငွေမှာ အမေရိ ကန်ဒေါ်လာ ၁၀၀၀ ခန့် တန်ဘိုးရှိကြောင်းသိရှိရပါတယ်။ အောင်မင်း |