| ပြည်တွင်းကုန်သွယ်မှုသတင်း (22 - 01 - 08) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ဇန်န၀ါရီလလယ် မုံရွာပဲဈေးကွက်။
ကုန်စည်ဒိုင်ပဲပေါက်ဈေးနှုန်းများအနေဖြင့် ပဲတီစိမ်းသေး ၁၄၂၀၀ ကျပ်၊ စားတော်ပဲ ၂၃၀၀၀ ကျပ်၊ ပဲလွန်းပြာ ၁၂၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၁၃၄၀၀ ကျပ်တွင် ဈေးငြိမ်နေ ပြီး ပဲတီစိမ်းကြီး၊ စွန်တာနီ၊ မတ်ပဲ၊ ပဲဖြူလေးတို့မှာ ကျဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ ပဲတီစိမ်းကြီးမှာ မန္တလေးလက်အဆွဲကျ၍လည်းကောင်း၊ စွန်တာနီမှာ ရွှေဘို၊ အရာတော်၊ ရေဦး၊ တန့်ဆည်နယ်များမှ အ၀င်လှိုင်၍လည်းကောင်း၊ ပဲဖြူလေးမှာ အ၀င်နည်းပြီး လက်လီသာ အ၀ယ်ရှိ၍လည်းကောင်း၊ မတ်ပဲမှာပြည်ပ၀ယ်လက်အေးနေ၍လည်းကောင်း ကျဈေးဖြစ်ပေါ်ရခြင်းဖြစ်သည်။ ကြာဆံစက်သမားများအကြိုက် ပဲလွန်းပြာမှာ ကနီ၊ မင်းကင်းနယ်များမှ မော်တော်ဖြင့်ဝင်မှသာ အရောင်းအ၀ယ်ဖြစ်သောကြောင့် ဈေးငြိမ်နေပြီး ကုလားပဲဖြူလုံးကြီးမှာ ရန်ကုန်အဆွဲအေးသဖြင့် ဈေးငြိမ်နေကြောင်း ဈေးကွက်မှ သိရပါတယ်။ မြင့်သန်းထွန်း |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||