MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (1 - 1 - 08)

သဲသောင်ပြင်ပေါ်က စည်းရုံးခဲ့ရတဲ့ကြက်သွန်ခင်း။

မြေလွတ်မြေရိုင်းများဖေါ်ထုတ်၍ ၎င်းမှစိုက်ပျိုးထွက်ရှိသည့် အမယ်သစ်သီးနှံများအား ပြည်ပပို့ကုန် မြှင့်တင်ရေး (Export Promotion) အတွက်ကြိုးပမ်းဆောင်ရွက်သည့် အနေ ဖြင့် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ် လယ်ယာထွက်ကုန်ဝန်ထမ်းများမှ ကြက်သွန်နီစိုက်ပျိုးရန် ၂၀၀၅-၂၀၀၆ ခုနှစ်မှစ၍ တောင်သူများအား စည်းရုံးခဲ့ရာ ယခု ၂၀၀၇-၂၀၀၈ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာအုပ်စုရှိ သဲသောင် မြေလွတ်မြေရိုင်းတွင် ၎င်းကျေးရွာမှ တောင်သူဦးဝင်းအောင် ဦးဆောင်၍ စိတ်ပါဝင်စားသူ တောင်သူ ၁၅ ဦးမှ ကြက်သွန်နီ ၉ ဧကပျိုးထောင်ပြီးဖြစ်သဖြင့် အချိန်မီစိုက်ပျိုးနိုင်ရန် ဓနုဖြူမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သတ်မှတ်ပေးသော သဲသောင်မြေလွတ်မြေရိုင်းပေါ်တွင် ၂၂.၁၂.၂၀၀၇ နေ့မှစ၍ မြေပြုပြင်လျက်ရှိသည်ကိုတွေ့ရှိရသည်။ မကြာမီအချိန်တွင် နှစ်စဉ်စည်းရုံးခဲ့ရသည့်သဲသောင်ပြင်ပေါ်က ကြက်သွန်နီ တစ်အုံတစ်မစိုက်ခင်းအားတွေ့ရှိရတော့မည်ဖြစ်သည်။

မြစန်း