MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (14 - 01 - 08)

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းဖွင့်မည်

စီးပွားရေးအဖွဲ့အစည်းများ ပုဂ္ဂလိကအဖွဲ့အစည်းများ ပြည်ပကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်တွင် ကုန်သွယ်မှုဆိုင်ရာတွင် လုပ်နည်းလုပ်ထုံးများနှင့်အညီ စနစ်တကျ မှန်ကန်မြန်ဆန်စွာ ဆောက်ရွက်နိုင်စေရန် ရည်ရွယ်လျက် ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်  (၃၂) ကို ၂၁-၁-၂၀၀၈ နေ့တွင် ရန်ကုန်မြို့၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီဌာန၊ ရန်ကုန်ရုံးခွဲ၊ အမှတ် ၂၂၈ - ၂၄၀၊ ကမ်းနားလမ်းတွင်ဖွင့်လှစ်မည်ဖြစ်သည်။
ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းကို ၁၉၉၀ မှစ၍ စဉ်ဆက်မပြတ်ဖွင့်လှစ်ခဲ့ပြီး၊ လုပ်ငန်းရှင် များကလည်း အထူးစိတ်ဝင်စားတက်ရောက်လေ့လာဆွေးနွေးခဲ့သဖြင့် အောင်မြင်သောသင်တန်းများဖြစ်သည်။ သင်တန်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပို့ကုန်သွင်းကုန်လုပ်ငန်း၊ နယ်စပ်ပို့ကုန် သွင်းကုန်လုပ်ငန်းနှင့် ၎င်းတို့ နှင့် ယှက်နွယ်သော အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ ကုန်သည်စက်မှုလုပ်ငန်းအသင်းချုပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဌာနတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်ဆွေးနွေးသင်ကြားပို့ချမည်ဖြစ်ပါသည်။ လုပ်ငန်းရှင်များအတွက် စိတ်ဝင်စားဘွယ် ဗဟုသုတဖြစ်ဘွယ် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများအပြင်၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ GSPအခွင့်အရေးရရှိခံစားနိုင်ခြင်း၊ ကုန်သည်အသင်းချုပ်အကြောင်း သိကောင်းစရာအချက်များ၊ ဟင်းသီးဟင်းရွက်တင်ပို့ခြင်းနှင့် အရည်အသွေးထိမ်းသိမ်းခြင်းဆိုင်ရာ ပညာပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း၊ ငွေလွဲစာတမ်း ဖွင့်လှစ်ခြင်း၊ သတင်းအချက်အလက် သုတေသန လုပ်ငန်းနှင့် ၀က်ဒ်ဆိုက်ဖြင့် သတင်းဖြန့်ဖြူးခြင်းအပါအ၀င် ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာနှင့် အခွန်ပိုင်းဆိုင်ရာတို့အပေါ် အတွေ့အကြုံရှိသည့် လက်တွေ့လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများက ဆွေးနွေးကြမည်ဖြစ်ပါသည်။
သင်တန်းတွင် အပြန်အလှန်ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့၍ စာတမ်းများရေးသားခြင်း၊ စာတမ်းဖတ်ပွဲကျင်းပခြင်း၊ လေ့လာရေးထွက်ခြင်းများ ပါရှိမည်ဖြစ်သည်။ သင်တန်းကို ၂၁-၁-၂၀၀၈ နေ့တွင်ဖွင့်လှစ်မည်ဖြစ်ပြီး ရက်သတ္တပတ် ၆ ပတ်ကြာမြင့်မည်ဖြစ်ပါသည်။ သင်တန်းချိန်မှာ ရုံးဖွင့်ရက်နေ့စဉ်မနက် ၉း၃၀ နာရီမှ ၁၂း၃၀ နာရီအတွင်းဖြစ်သည်။ သို့ပါ၍ စိတ်ပါဝင်စားသူ များအနေဖြင့် ရန်ကုန်ရုံးခွဲ စတုတ္ထထပ် အုပ်ချုပ်မှုဌာန၊ ဖုံးအမှတ် ၃၈၈၂၉၄ တွင် စာရင်းပေးသွင်းနိုင်ပြီး၊ ကြိုတင်စာရင်းပေးသွင်းထားသူများအတွက် ၁၅-၁-၂၀၀၈ နေ့မှစ၍ သင်တန်းသားစီစစ်ရေးကဒ်ပြားများ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

MIRT-DOT