| ပြည်တွင်းကုန်သွယ်မှုသတင်း (08 - 02 - 08) |
ဖေဖော်ဝါရီ ပထမပတ် မုံရွာပဲဈေးကွက် ဖေဖော်ဝါရီ ပထမပတ် မုံရွာပဲဈေးကွက်မှာ ပဲအများစု ဆက်လက်ဈေးအေးခဲ့သော်လည်း ပဲစင်းငုံနီ အသစ်တွေ ဈေးကွက်ထဲ နေ့စဉ်မပြတ်နယ်စုံက ၀င်ရောက်လာပြီး အရောင်း အ၀ယ်ဖြစ်နေဆဲလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလထဲက တစ်တင်း ၁၇၀၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ပေမဲ့ Export ၀ယ်လက်ငြိမ်နေတဲ့ ဖေဖော်ဝါရီ ပထမပတ်မှာ တစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၆၃၀၀ ကျပ်ထိဈေးကျခဲ့ပြီး တစ်ရက်လျှင် အိတ် ၅၀၀၀ မှ ၁၀၀၀၀ ကြားအရောင်းအ၀ယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအပတ်ထဲမှာ ၀င်လာတဲ့ အညှောင့် ပေါက်တဲ့ပဲတွေပါလာတဲ့ ပဲစင်းငုံနီအသစ်အချို့ပြီးခဲ့တဲ့လက အခ့မဲ့မိုးမိလို့ ပွဲရုံတွေမှာ စီစစ်ဝယ်ယူ နေကြရတယ်လို့ သိရပါတယ်။ ထွန်းလှိုင် |