MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (07 - 02 - 08)

နယ်စုံကြက်သွန်နီ မန္တလေးဈေးကွက်ဝင်

မန္တလေးဈေးကွက်သို့ မြစ်သား၊ မြင်းခြံ၊ ပခုက္ကူ၊ ရေနံချောင်းနှင့် ဆိပ်ဖြူနယ်များမှ ကြက်သွန်နီများ ၀င်ရောက်လျက်ရှိသည်။ နယ်စုံမှကြက်သွန်များဝင်လာသောကြောင့် ကြက်သွန်နီဈေးမှာ မြစ်သားကြက်သွန်နီ ထိပ်စ (ရွှေဖလား) ခြောက်လျှင် တစ်ပိဿာ ၆၅၀ ကျပ်၊ အစိုဓါတ်အနည်းငယ်ပါလျှင် ၅၀၀ ကျပ်၊ ပွဲရုံဖြတ်ဈေးရှိပြီး မြင်းခြံကြက်သွန် ခြောက်လျှင် ၅၅၀ ကျပ်၊ အစိုဓါတ်ပါလျှင် ၃၅၀ ကျပ်မှ ၂၀၀ ကျပ်ထိ ဖြတ်ဈေးရှိကြောင်း သိရသည်။ မြင်းခြံကြက်သွန်နီမျိုးကောင်းလျှင် မြစ်သားကြက်သွန်အရည်အသွေးကိုမီ ကြောင်း၊ ကြက်သွန် ရောင်းဝယ်ရေးလုပ်ငန်းမှသိရသည်။

အေးအေးတင့်