ရေသွင်းကြက်သွန်နီ ဈေးကွက်မှာဝင်ပြီ။
မိသားစုတစ်စုအတွက် မရှိမဖြစ်လိုအပ်တဲ့ မီးဖိုချောင်သုံးသီးနှံ၊ ကြက်သွန်နီဈေးကွက်များ ဆောင်း ကြက်သွန်နီခေါ် ရေသွင်းကြက်သွန်နီအသစ်တွေ ဖေဖော်ဝါရီလ ကုန်ပါတ်က စပြီး အနည်းငယ်စတင်ဝင်ရောက် လာကြောင်း ပွဲရုံရပ်ကွက်မှ သိရပါတယ်။
ဒီနှစ်ကြက်သွန်နီဈေးကွက်အတွင်း နှစ်ဟောင်းရေသွင်းကြက်သွန်နီရှားပါးချိန်မှာ အစားထိုးဝင်ရောက်မြဲဖြစ်တဲ့ မြိတ်ထောင်မိုးကြက်သွန်နီဈေး တစ်ပိဿာ ၂၅၀ ကျပ်မှ ၃၅၀ ကျပ်အတွင်း ဈေးငြိမ်နေချိန်မှာ အခုလိုရေသွင်းကြက်သွန်နီအသစ်တွေ တစ်ပိဿာ ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ဈေးဖြင့်ဝင်ရောက်လာတဲ့အတွက် ဈေးကွက်တွင်းပစ္စည်းပြတ်လပ်မှု မရှိသလို ဈေးလည်းတည်ငြိမ်နေခဲ့တာ တွေ့ရပါတယ်။
ယခုအခါမုံရွာဒေသရဲ့ ကြက်သွန်နီအဓိကစိုက်ပျိုးထွက်ရှိရာ ကျွဲရဲ၊ မြေနဲနှင့် အက်တောကျေးရွာတို့မှ စိုက်ပျိုးရက်စောတဲ့ ဆောင်းကြက်သွန်နီတွေ စတင်တူးဖေါ်လျက်ရှိပြီး ဈေးကွက်အမီ မုံရွာကြက်သွန်နီပွဲရုံများသို့ စတင်တင်ပို့လျက်ရှိရာ တစ်ရက်လျှင် ပိဿာ ၁၅၀၀၀ မှ ၂၀၀၀၀ ၀န်းကျင်အတွင်းဝင်ရောက်လျက်ရှိတယ်လို့ သိရှိရပါတယ်။
ထွန်းလှိုင် |