မြင်းမူမြို့နယ်မှ အဖြူရောင်ကြက်သွန်စိုက်ပျိုးထွက်ရှိနေပြီ။
မြင်းမူမြို့နယ်၊ အလကပ္ပကျေးရွာမှ တောင်သူတစ်ဦးသည် ဒေသအခေါ် ထိပ်မောက်ကြက်သွန်နီမျိုးမှ မျိုးရိုးဗီဇပြောင်းလဲလာသော အဖြူရောင်ကြက်သွန်နီမျိုးကို ၂၀၀၁ ခုနှစ် မှစတင်ပြီး အဖြူရောင်မျိုးကွဲများကို ရွေးချယ်စုဆောင်းကာ ၇ နှစ်မျိုးပွားအောင် စနစ်တကျစိုက်ပျိုးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် မျိုးစေ့ ၂တင်းခွဲ စုဆောင်း ရရှိခဲ့ရာမှ ပျိုးထောင်ပြီး စိုက်ပျိုးခဲ့ရာ ယခုအချိန်အခါတွင် စိုက်ပျိုးသက် နှစ်လရရှိနေပြီး အပင်များသန်မာ ဖြစ်ထွန်း ကာ ဥများစတင်ချနေကြောင်း တွေ့မြင်သိရှိရပါသည်။
စိုက်ပျိုးကုန်ကျစရိတ် တစ်ဧက ၇ သိန်းခန့်ကုန်ကျသည့် အဖြူရောင်ကြက်သွန်နီ၏အရသာမှာ အနည်းငယ်နူးညံ့ပြီး ကြက်သွန်နီထက် အချိုဓါတ်ပိုကြောင်း၊ အခြားကြက်သွန်နီ များကဲ့သို့ အထွက်နှုန်း (တစ်ဧက-၄၀၀၀ ပိဿာ)၊ အရွယ်အစား၊ ကြာရှည်အထားခံမှု၊ အရည်အသွေးမခြားနားကြောင်း လေ့လာသိရှိရပါသည်။
အဖြူရောင်ကြက်သွန်နီသည် ဆေးဖက်ဝင်ကြောင်း သိရှိရတဲ့အတွက် ပြည်ပနိုင်ငံများသို့ ဆေးဖက်ဝင် အဖြူရောင်ကြက်သွန်နီအဖြစ်ဖြစ်စေ၊ နာမည်ကြီးစားသောက်ဆိုင်များ တွင် ဟင်းလျာများနှင့်တွဲဖက်ပြီး စားသုံးရန်ဖြစ်စေ၊ ပြည်ပဈေးကွက်ကို ချိတ်ဆက်ပြီး ရောင်းချလိုသူများနှင့် လေ့လာလိုသူများအတွက် (မြင်းမူလယ်ယာထွက်ကုန်ရုံး၊ ဖုန်း အမှတ် ၀၇၁-၄၃၀၅၅) သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက် ပါသည်။
စိန်မောင်း |